နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာဏာခွဲဝေရေးစာချုပ်ကို သဘောတူပါက ဗင်နီဇွဲလားအပေါ် အရေးယူပိတ်ဆို့မှုများ ဖယ်ရှားပေးမည်ဟု အမေရိကန် ကမ်းလှမ်း

ဗင်နီဇွဲလားနိုင်ငံခေါင်းဆောင်များက အာဏာခွဲဝေရေးစာချုပ်ကို သဘောတူညီမည်ဆိုပါက ဗင်နီဇွဲလားနိုင်ငံအပေါ် ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုများကို ဖယ်ရှားပေးမည်ဟု အမေရိကန်နိုင်ငံက ကမ်းလှမ်းခဲ့သည်။ အမေရိကန်နိုင်ငံက ကမ်းလှမ်းခဲ့သည့် အစီအစဉ်အရ ဗင်နီဇွဲလားနိုင်ငံ၏ လက်ဝဲဝါဒ သမ္မတ မာဒူရိုမှာ ရာထူးမှ ဖယ်ရှားပေးရမည်ဖြစ်ပြီး ရွေးကောက်ပွဲသစ်များ မကျင်းပမီကာလတွင် အသွင်ကူးပြောင်းရေးကောင်စီက ဗင်နီဇွဲလားနိုင်ငံကို အုပ်ချုပ်ရမည်ဖြစ်သည်။ မာဒူရိုကို ရာထူးမှ နုတ်ထွက်အောင် ဖိအားပေးသည့်အနေဖြင့် ပြီးခဲ့သည့်နှစ်တွင် အမေရိကန်နိုင်ငံက ဗင်နီဇွဲလားနိုင်ငံအပေါ် ယခုနောက်ဆုံး အရေးယူပိတ်ဆို့မှုများ ချမှတ်ခဲ့သည်။ သို့သော် မာဒူရိုမှာ ယင်းကို ရာထူးမှ ဖြုတ်ချရန် ကြိုးပမ်းမှုမှန်သမျှကို တွန်းလှန်နေဆဲဖြစ်ပြီး ဗင်နီဇွဲလားစစ်တပ်၊ ရုရှား၊ တရုတ်၊ ကျူးဘားနိုင်ငံများ၏ ထောက်ခံအားပေးမှု ရရှိနေသည်။ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း အမေရိကန်နိုင်ငံက မာဒူရိုနှင့် ဗင်နီဇွဲလားနိုင်ငံ၏ ထိပ်တန်း အရာရှိများကို မူးယစ်အကြမ်းဖက်မှုဖြင့် စွဲချက်တင်ခဲ့ပြီး မာဒူရိုကို ဖမ်းမိအောင် သတင်းပေးနိုင်သူကို ဆုချီးမြှင့်မည်ဟု ထုတ်ပြန်ခဲ့သည်။ နိုင်ငံရေးနှင့် စီးပွားရေး အကျပ်အတည်းများ နှစ်ရှည်လများ ရင်ဆိုင်ခဲ့ရသည့် ဗင်နီဇွဲလားနိုင်ငံမှာ ပြီးခဲ့သည့်နှစ်က ငွေကြေးဖောင်းပွမှုနှုန်း အဆ ၈၀၀၀ အထိ မြင့်တက်ခဲ့ပြီး ဗင်နီဇွဲလားနိုင်ငံသား ၄ ဒသမ ၈ သန်းမှာ ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။ ယင်းကဲ့သို့ အနေအထားတွင် ရေနံတန်ဖိုးကျဆင်းပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကြောင့် အခြေအနေ ပိုမိုဆိုးရွားစေခဲ့သည်။ Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ