ရန်ကုန် မေ ၁၉
မအူကုန်းစည်ပင်သင်တန်းကျောင်းဝင်းအတွင်း Facility Quarantine ၂၁+၇ ရက်ဝင်နေသော ဝန်ထမ်း ၁၂ ဦး ကျန်းမာရေးပြန်လည်ကောင်းမွန်လာသဖြင့် မေ ၁၇ ရက်က တောင်ပိုင်းခရိုင် ကျန်းမာရေးနှင့် ဈေးများဌာန လုပ်ငန်းတာဝန်ခံ ခရိုင်မှူး ဒေါက်တာအောင်ကိုဦး ၊စည်ပင်သင်တန်းကျောင်းအုပ်ကြီး ဦးဇင်မင်းလှိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ် ကျန်းမာရေးတာဝန်ခံ ကျန်းမာရေးမှူး(၁) ဦးဝေယျာဖြိုးအောင်နှင့် ဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းခြင်းနှင့် ကျန်းမာရေးစစ်ဆေးပြီးမှ အိမ်ပြန်စေခဲ့ကြပြီး ၊ နေထိုင်ခဲ့ကြသည့်အခန်းများအား စနစ်တကျ ပိုးသတ်ဆေးပက်ဖျန်းခြင်း ဆောင်ရွက်ပေးခဲ့ကြစဉ်။
မောင်မောင်