နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အစ္စရေးသို့ ဒေါ်လာသန်းချီတန် စစ်လက်နက်များ ရောင်းချခွင့်ပြုခဲ့သည့် သမ္မတဘိုင်ဒင်ကို တူရကီသမ္မတ ပြစ်တင်‌ဝေဖန်

အန်ကာရာ၊ မေ ၁၉

အစ္စရေးနိုင်ငံသို့ အမေရိကန်ဒေါ်လာ ၇၃၅ သန်းတန်ဖိုးရှိ စစ်လက်နက်များ ရောင်းချရန် ခွင့်ပြုခဲ့သည့်အတွက် အမေရိကန်နိုင်ငံ သမ္မတဂျိုးဘိုင်ဒင်အား တူရကီနိုင်ငံ သမ္မတ Recep Tayyip Erdogan က ပြစ်တင်ဝေဖန်လိုက်သည်။ အမေရိကန်နိုင်ငံသမ္မတ ဂျိုးဘိုင်ဒင်အနေဖြင့် ဂါဇာက အချိုးအစားမမျှတစွာ တိုက်ခိုက်ခံ ရသည့်ဖြစ်စဉ်တွင် သွေးစွန်းသည့်လက်များဖြင့် သမိုင်းကိုရေးနေခြင်း သာဖြစ်ကြောင်း တူရကီနိုင်ငံသမ္မတ Erdogan က အစ္စရေးနှင့် ပါလက်စတိုင်းတို့အကြား လတ်တလောပဋိပက္ခဖြစ်ပွားမှု အခြေအနေ အပေါ် အသေးစိတ် ရှင်းလင်းခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ထို့ပြင်“ပါလက်စတိုင်းနယ်မြေတွေကို သွေးတွေ၊ ရက်စက်မှု တွေနဲ့ ဆေးကြောခံနေရပါတယ်။ ခင်ဗျားကလည်း ဒါကို ထောက်ပံ့ ပေးနေပါတယ်”ဟု ဘိုင်ဒင်အပေါ် ၎င်းက မှတ်ချက်ပြုခဲ့သည်။ အမေရိကန်နိုင်ငံ အစိုးရအနေဖြင့် တူရကီသမ္မတ ပြောကြားခဲ့သည့် နေ့မှာပင် အစ္စရေးနိုင်ငံသို့ အမေရိကန်ဒေါ်လာ ၇၃၅ သန်းတန်ကြေးရှိ တိကျသောပဲ့ထိန်းစနစ်သုံး လက်နက်များရောင်းချပေးရန် ခွင့်ပြုခဲ့ ကြောင်း သတင်းများအရ သိရသည်။                                   ရဲခေါင် (ref; Reuters)






အခြားဆက်စပ်သတင်းများ