နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒိန်းမတ်နိုင်ငံရောက် ကန်နိုင်ငံခြားရေးဝန်ကြီး ဥတုရာသီအရေး အဓိက ဆွေးနွေးမည်

ကိုပင်ဟေဂင်၊ မေ ၁၉

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်အနေ ဖြင့် ဥတုရာသီအရေး၊ အာတိတ်စက်ဝိုင်းဒေသဆိုင်ရာ မူဝါဒနှင့် ရုရှားအရေးကိစ္စများ ဆွေးနွေးရန် ဒိန်းမတ်နိုင်ငံသို့ရောက်ရှိနေပြီး ဥတုရာသီအရေးကို အဓိက ဆွေးနွေးမည်ဖြစ်ကြောင်းသိရသည်။ ခရီးစဉ်တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် တစ်စိတ်တစ်ပိုင်းရထားသည့် ဒိန်းမတ်နိုင်ငံ မြောက်ဘက်စွန်းရှိ Greenlandနှင့် Faeroe ကျွန်း ၏ နိုင်ငံခြားရေးဝန်ကြီး Mette Frederiksen နှင့်လည်း ဝန်ကြီး ဘလင်ကင်တို့တွေ့ဆုံကာ ဥတုရာသီပြောင်းလဲဖောက်ပြန်မှု တားဆီး ရေးကိစ္စများကို အဓိကဆွေးနွေးခဲ့ကြောင်း သိရသည်။

သမ္မတဟောင်း ဒေါ်နယ်ထရန့်လက်ထက်တွင် ဥတုရာသီ ပြောင်းလဲမှုကြောင့် ပေါ်ပေါက်လာသည့် ခြိမ်းခြောက်မှုများကို ၄ နှစ်ကြာ လျော့ပေါ့ပြောဆိုခဲ့သည့်အတွက် သမ္မတဘိုင်ဒင်အစိုးရ က ယင်းကိစ္စရပ်များတွင် အမေရိကန်၏ ရပ်တည်ချက်များအပေါ် မဟာမိတ်နိုင်ငံများက ပြန်ပြီးယုံကြည်လက်ခံလာစေရန် ကြိုးပမ်း လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အာတိတ် ကောင်စီအစည်းအဝေးကို  ဝန်ကြီးဘလင်ကင်  ဆက်လက် တက်ရောက်ရန် ရှိနေပြီး အမေရိ ကန်နှင့် ရုရှားနိုင်ငံကြား ဆက်ဆံ ရေးများ သိသိသာသာတင်းမာနေချိန်တွင် ဝန်ကြီးဘလင်ကင်နှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီးတို့အနေဖြင့် အဆိုပါအစည်းအဝေးတွင် ပထမဆုံး မျက်နှာချင်းဆိုင်တွေ့ဆုံကြမည်ဖြစ်သည်။
ရဲခေါင် (ref;CNN)






အခြားဆက်စပ်သတင်းများ