နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သာတူညီမျှ သမဝါယမ

လူသည် တစ်ဦးတစ်ယောက်တည်းနေ၍ရသည့် သတ္တဝါမျိုး မဟုတ်ဘဲ အဝန်းအဝိုင်းနှင့် စုစုစည်းစည်းနေကြရသည်။ ထို အစုအဝေးတို့အတွက် စုစည်းခိုင်မာစေမှုကို သမဝါယမသည် တစ်ထောင့်တစ်နေရာမှ ပါဝင်နေသည်ဟု ဆိုချင်ပါသည်။ သမဝါယမ၏ အနှစ်သာရမှာ ကိုယ့်အားကိုယ်ကိုးခြင်း၊ ကိုယ်တိုင် ပါဝင်ဆောင်ရွက်ခြင်း၊ အများဆန္ဒနှင့်အညီ စီမံခန့်ခွဲခြင်း၊ တန်းတူ ညီမျှမှုရှိခြင်း၊ တရားမျှတခြင်း၊ စည်းလုံးညီညွတ်ခြင်းတို့ဖြစ်သည်။

မိမိတို့နိုင်ငံတွင် ကျေးရွာပေါင်း ခြောက်သောင်းကျော် မှ ပြည်သူများအတွက် ကျေးလက်ဒေသများတွင် လမ်းပန်း ဆက်သွယ်မှုကောင်းမွန်ရေး၊ ရေကောင်းရေသန့်ရရှိရေး၊ လျှပ်စစ်မီး ရရှိရေး၊ ပညာရေး၊ ကျန်းမာရေးနှင့်စီးပွားရေး မြင့်တက်လာအောင် စီမံဆောင်ရွက်လျက်ရှိသည်။ နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်တွင်နေထိုင်ပြီး ကျေးလက်နေပြည်သူအများစုသည် ဆင်းရဲနွမ်းပါးမှုအများဆုံးဖြစ်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးရေး နှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးလုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက် လျက်ရှိသည်။ ကျေးလက်ဒေသများ၏ အဓိက ပင်မစီးပွားရေး လုပ်ငန်းသည် လယ်ယာလုပ်ငန်းနှင့် တစ်ပိုင်တနိုင် မွေးမြူရေး လုပ်ငန်းတို့ပင်ဖြစ်သည်။

ကျေးလက်နေပြည်သူများ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်    မှသာ ကျေးလက်ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ရာ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်သည်။ လယ်ယာ ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးထုတ်လုပ်ရာတွင် ခေတ်မီနည်းစနစ် ပြောင်းလဲစိုက်ပျိုးခြင်း၊ ကြိတ်ခွဲခြင်း၊ ဈေးကွက် သယ်ယူရောင်းချခြင်းအဆင့်အထိ အချိတ်အဆက်မိမိ ဆောင်ရွက် ရမည်ဖြစ်သည်။

နိုင်ငံအတွက် အဓိကကျသည့် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် SME နှင့် သမဝါယမလုပ်ငန်းများကို ဖော်ဆောင်ပေးရမည်ဖြစ်ကြောင်း၊ ဖွံ့ဖြိုးတိုးတက်လျက်ရှိသည့် စက်မှုနိုင်ငံကြီးများ၌ပင် သမဝါယမလုပ်ငန်းများကို ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်လျက်ရှိကြောင်း တိုင်းဒေသကြီးနှင့်ပြည်နယ် အလိုက် SME နှင့် ကုန်ထုတ်လုပ်ငန်းများကိုအားပေးရန်လိုပြီး ထုတ်ကုန်များအား သမဝါယမစနစ်ဖြင့် တိုက်ရိုက်ရောင်းချနိုင်ခြင်း ဖြင့် ကုန်ထုတ်လုပ်သူများအတွက် အကျိုးများစွာဖြစ်ထွန်းစေမည် ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မေ ၁၀ ရက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၁၀/၂၀၂၁) တွင် အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့သည်။

အောင်မြင်သော သမဝါယမစနစ်ဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝမြှင့်တင်ရာတွင် အထောက်အပံ့ဖြစ်ရာ တိုင်းပြည်စီးပွားတိုးတက်ရေးကို အထောက်အပံ့ဟု ဆိုချင်ပါ ကြောင်း။      ။






အခြားဆက်စပ်သတင်းများ