နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပါလက်စတိုင်းလွတ်မြောက်ရေးအတွက် ကမ္ဘာ့နိုင်ငံများ ဆန္ဒထုတ်ဖော်

ဘာလင်၊ မေ ၁၈

အစ္စရေး-ပါလက်စတိုင်းအရေးသည် ဥရောပသို့ပါ ရိုက်ခတ်လာ ခဲ့ပြီဖြစ်ပြီး ဥရောပတစ်လွှားရှိ မြို့ကြီးများတွင် ပါလက်စတိုင်းကို ထောက်ခံကြောင်းနှင့် အစ္စရေးလုပ်ရပ်ကိုရှုတ်ချကြောင်း ဆန္ဒပြမှုများ ဖြစ်ပွားနေပြီဖြစ်ကြောင်း သိရသည်။

အစ္စရေးစစ်တပ်နှင့် ဂါဇာဒေသရှိ ဟားမတ်စ်အဖွဲ့များအကြား ထိပ်တိုက်တွေ့သည့်ဖြစ်စဉ်များကြောင့် ပါလက်စတိုင်း အရပ်သား သေဆုံးမှုမြင့်တက်လာခဲ့ပြီးနောက် လန်ဒန်၊ ဘာလင်၊ မက်ဒရစ်နှင့် ပဲရစ်တို့တွင် ဆန္ဒပြပွဲများ ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။ ဆန္ဒပြပွဲ များတွင် “ဂါဇာကို ဗုံးကျဲနေတာ ချက်ချင်းရပ်”၊ “ပါလက်စတိုင်း လွတ်မြောက်ရေး”စသည့် ကြွေးကြော်သံများဖြင့် ဆန္ဒပြသူများက ကြွေးကြော်ခဲ့ကြခြင်း ဖြစ်သည်။

ထို့ပြင် လန်ဒန်၊ ဘာလင်၊ မက်ဒရစ် နှင့် ပဲရစ်ရှိ ဆန္ဒပြသူများသည် ယင်းတို့နိုင်ငံရှိ အစ္စရေးသံရုံးရှိရာ နေရာများသို့ သွားရောက်ဆန္ဒပြ ခဲ့ကြခြင်းဖြစ်ပြီး ဆန္ဒပြပွဲများတွင် လူထောင်ပေါင်းများစွာ စုပေါင်း ပါဝင်သည်ကို မြင်တွေ့ခဲ့ရကြောင်း နိုင်ငံတကာသတင်းမီဒီယာများ တွင် ဖော်ပြထားသည်။ လက်ရှိ နောက်ဆုံးရသတင်းအချက်အလက် များအရ အစ္စရေး-ပါလက်စတိုင်း အဓိကရုဏ်းဖြစ်စဉ်တွင် သေဆုံးသူ အရေအတွက်မှာ ၁၄၈ ဦးအထိ ရှိလာခဲ့ပြီ ဖြစ်သည်။   
ရဲခေါင် ( ref; BBC)






အခြားဆက်စပ်သတင်းများ