နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ်-လာအို ရထားလမ်းတစ်လျှောက် ဆက်သွယ်ရေးတာဝါတိုင်များ တည်ဆောက်ပြီးစီး

ဗီယန်ကျင်း၊ မေ ၁၈

တရုတ်-လာအို ရထားလမ်းတစ်လျှောက်ရှိ ဆက်သွယ်ရေး တာဝါတိုင် ၆၇ ခုစလုံး၏ တည်ဆောက်မှုများသည် ပြီးစီးသွားခဲ့ ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။ ရထားလမ်း၏ ဆက်သွယ် ရေး တာဝါတိုင်များအနက် ထက်ဝက်မှာ ရှုပ်ထွေးသောပထဝီဝင် အနေအထားများ နှင့် အသွားအလာ နည်းပါးသောအခြေအနေများ နှင့် အတူ အပူပိုင်းဒေသ လူမနေထိုင်သော တောင်ထူထပ်သည့်ဧရိယာ တွင် တည်ရှိသဖြင့် တည်ဆောက်ရေး အတွက်အခက်အခဲဖြစ်ခဲ့ရ ကြောင်း လာအို-တရုတ် ရထားလမ်း ကုမ္ပဏီလီမိတက်၏ အထွေထွေ မန်နေဂျာဖြစ်သူက မီဒီယာများသို့ ပြောသည်။ ယင်းကုမ္ပဏီသည် ရထားလမ်း တည်ဆောက်ရေးနှင့် လည်ပတ်မှုတို့အား လက်ခံ ဆောင်ရွက်ရန် လာအိုနိုင်ငံမြို့တော် ဗီယန်ကျင်း၌ အခြေစိုက်သော ဖက်စပ်ကုမ္ပဏီတစ်ခု ဖြစ်ကြောင်း သိရသည်။

မိုးရာသီကာလအတွင်း လိုအပ်သောပစ္စည်းများနှင့် ကိရိယာ တန်ဆာပလာ အမြောက်အများကို တည်ဆောက်ရေးနေရာများသို့ တိရစ္ဆာန်များဖြင့်သာ သယ်ယူခဲ့ရကြောင်း သိရသည်။ ကီလိုမီတာ ၄၀ဝ ကျော်ရှိသည့် ရထားလမ်းသည် တရုတ်နိုင်ငံနှင့် နယ်နမိတ် ထိစပ်နေသော လာအိုနိုင်ငံမြောက်ပိုင်းရှိ ဘိုတန်နယ်စပ်ဂိတ်မှ ဗီယန်ကျင်းသို့ တစ်နာရီလျှင် ကီလိုမီတာ ၁၆၀ အမြန်နှုန်းဖြင့် ပြေးဆွဲ မည် ဖြစ်သည်။

ရဲခေါင် (ref; Xinhua)






အခြားဆက်စပ်သတင်းများ