နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂင်္ဂါမြစ်ထဲ လူသေအလောင်း များပြားလာမှု ဒေသခံများစိုးရိမ်

နယူးဒေလီ၊ မေ ၁၈

အိန္ဒိယနိုင်ငံ ဂင်္ဂါမြစ်ကမ်းပါးတွင် နေ့စဉ် လူသေအလောင်း ရာချီ မျောလာနေကြောင်း မြစ်ကမ်းနံဘေးနေထိုင်သည့် ဒေသခံများက ပြောသည်။ ယင်းဖြစ်ရပ်များကြောင့် ဂင်္ဂါမြစ်အတွင်း အလောင်းများ မစွန့်ပစ်ကြရန် လိုက်လံသတိပေးနေရကြောင်း ဂင်္ဂါမြစ်အတွင်း ကင်းလှည့်နေသည့် လုံခြုံရေးအရာရှိက ပြောသည်။

“လူတွေက အလောင်းတွေကို မြစ်ထဲ စွန့်ပစ်နေကြတာပါ။ အလောင်းတွေ မျောနေတာကြောင့် မြစ်ကမ်းနဘေး နေသူတွေ ကြောက်ရွံ့ဒေါသထွက်နေကြပါတယ်။ ဒါကြောင့် ကျွန်တော်တို့ မြစ်ထဲမှာ ကင်းလှည့်နေရပြီး မျောလာတဲ့ ရုပ်အလောင်းတွေကို ရှာဖွေနေကြတာပါ” ဟု ယင်းက ပြောသည်။

ကမ္ဘာတွင် ကိုဗစ်ကူးစက်မှု အဆိုးဆုံးဖြစ်နေသည့် အိန္ဒိယနိုင်ငံတွင် ဟိန္ဒူဘာသာဝင်များ ဘာသာရေးအရ အထွတ်အမြတ်ထားသည့် ဂင်္ဂါမြစ်တွင် ယခုလို ရုပ်အလောင်းများ မျောလာခြင်းမှာ လူများကို ထိတ်လန့်မှုဖြစ်စေကာ Covid ကြောင့် သေဆုံးမှု မြင့်တက်လာသည် နှင့်အမျှ နေရာအတော်များများတွင် သင်္ဂြိုဟ်ရမည့် ရုပ်အလောင်းများ တောင်လိုပုံနေပြီး မီးသင်္ဂြိုဟ်စရိတ်ကလည်း ကြီးမြင့်နေသည်ဟု        ဆိုသည်။                                                            မျိုးဝင်း (ref; bbc)






အခြားဆက်စပ်သတင်းများ