နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တောင်အာဖရိကနိုင်ငံ၌ ပစ်ခတ်မှုများစွာဖြစ်ပွား တစ်ရက်အတွင်း လူ ၁၁ ဦး သေဆုံး

ကိပ်တောင်း၊ မေ ၁၈

တောင်အာဖရိကနိုင်ငံရဲတပ်ဖွဲ့၏ မေလ ၁၆ ရက်ပြောကြားချက် အရ နိုင်ငံမြို့တော် ကိပ်တောင်းတွင် မေလ ၁၅ ရက်၌ သေနတ် ပစ်ခတ်မှုများစွာဖြစ်ပွားခဲ့ပြီး လူ ၁၁ ဦးသေဆုံးကာ ၇ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ကိပ်တောင်းရဲတပ်ဖွဲ့၏ ထုတ်ပြန်ကြေညာချက်အရ ကိပ်တောင်း မြို့ Khayelitsha ဒေသတွင် မေလ ၁၅ ရက်၌ သေနတ်ပစ်ခတ်မှုများစွာဖြစ်ပွားခဲ့ကြောင်း ၊ ယင်းနေ့နံနက်ပိုင်းတွင် ပထမတစ်ကြိမ် သေနတ်ပစ်ခတ်မှု စတင်ဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦးသေဆုံးခဲ့ကာ သေဆုံးသူထံတွင် သေနတ်ဒဏ်ရာများစွာတွေ့ရကြောင်း ၊ ယင်းနေ့ ညနေပိုင်းတွင် သေနတ်ပစ်ခတ်မှု နောက်တစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ယင်း ပစ်ခတ်မှုသည် ပထမသေနတ်ပစ်ခတ်မှုနှင့် ဆက်စပ်မှုရှိသည်ဟု ယုံကြည်ရကြောင်း ၊ ဒုတိယပစ်ခတ်မှုတွင် ဆိုမာလီနိုင်ငံသား တစ်ဦး သေဆုံးခဲ့ရပြီး အခြား ဆိုမာလီနိုင်ငံ သားတစ်ဦး ပြင်းထန်စွာဒဏ်ရာ ရရှိခဲ့ကြောင်း ၊ ယင်းပစ်ခတ်မှုဖြစ်ပွားပြီးနောက် မကြာမီမှာပင် အဆိုပါပစ်ခတ်မှု ဖြစ်ပွားသည့်နေရာအနီးတွင် အမျိုးသား ၃ ဦး ထပ်မံ ပစ်သတ်ခံခဲ့ရကြောင်း သိရှိရသည်။

ထို့ပြင် ထုတ်ပြန်ချက်အရ Khayelitsha ဒေသရှိ ကုန်စုံဆိုင် တစ်ခုတွင်လည်း ယင်းနေ့ညနေပိုင်း၌ သေနတ်ပစ်ခတ်မှုဖြစ်ပွား ခဲ့ပြီး အမျိုးသားနှစ်ဦးက အခင်းဖြစ်ပွားရာနေရာတွင် သေဆုံး သွားကြောင်း ၊ ဆိုမာလီနိုင်ငံသား နှစ်ဦးသည် ကုန်စုံဆိုင်အနီးတွင် သေနတ်ပစ်ခတ်ခံရ၍ သေဆုံးသွားခဲ့ကြောင်း ၊ သေနတ်ပစ်ခတ်မှု များကြောင့် လူအများအပြားပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ရပြီး ဒဏ်ရာ ရရှိသူများအနက် ၂ ဦးမှာ ဆေးရုံ၌ ကုသမှုခံယူနေစဉ် သေဆုံးခဲ့ရ ကြောင်း သိရသည်။                                          မျိုးဝင်း ( ref;CNA)






အခြားဆက်စပ်သတင်းများ