နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကမ္ဘာတစ်ဝန်းရှိ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အန္တရာယ်အရှိဆုံး မြို့ပေါင်း ၁၀၀ တွင် ၉၉ မြို့မှာ အာရှတိုက်ရှိ မြို့များဖြစ်နေ

နိုင်လိုဘီ၊ မေ ၁၈

ကမ္ဘာတစ်ဝန်းတွင် အဆိုးရွားဆုံး သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုကို ရင်ဆိုင်နေရသည့် မြို့ပေါင်း ၁၀ဝ တွင် ၉၉ မြို့မှာ အာရှတိုက်မှ ဖြစ်သည်ဟု World Environment Organization က မေလတတိယပတ်အစောပိုင်းတွင် ထုတ်ပြန်ခဲ့သည်။ အသက်တို စေနိုင်သည့် လေထုညစ်ညမ်းမှုများ၊ တစ်စတစ်စလျော့ပါးလာ သည့် ရေထောက်ပံ့မှုများ၊ သေစေနိုင်သည့် အပူလှိုင်းများ၊ သဘာဝဘေးအန္တရာယ်များနှင့် ရာသီဥတု ပြောင်းလဲမှုများ ကြောင့် ကမ္ဘာတစ်ဝန်းလုံးတွင် စုစုပေါင်း လူဦးရေ ၁ ဒသမ ၅ ဘီလျံရှိသည့် မြို့ကြီး ၄၀ဝ ကျော်သည် အလွန်အန္တရာယ်ရှိနေသည်ဟု အစီရင်ခံစာ တွင် ဖော်ပြထားသည်။

ယင်းအန္တရာယ်ရှိသည့် နိုင်ငံများစာရင်းတွင် လေထုညစ်ညမ်းမှု၊ ရေကြီးမှုနှင့် အပူလှိုင်းများ ရိုက်ခတ်မှုနှင့်အတူ မြေကြီးထဲသို့ နိမ့်ဆင်းလာနေသည့် ဂျကာတာမြို့တော်သည် ထိပ်ဆုံးတွင်ရှိနေ သည်။ အလားတူ ကမ္ဘာတစ်ဝန်း လူဦးရေ ပြွတ်သိပ်မှုအများဆုံး မြို့ ၂၀ တွင် ၁၃ မြို့ ပါဝင်နေသည့် အိန္ဒိယနိုင်ငံသည် အခြားနိုင်ငံများ ထက် ခြောက်ခြားဖွယ်အကောင်းဆုံး အနာဂတ်နှင့် ရင်ဆိုင်ရဖွယ် ရှိနေသည်။ အာရှ၊ အရှေ့အလယ်ပိုင်းနှင့်  မြောက်အာဖရိက အပြင်ဘက်တွင် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှု ပိုမိုဆိုးရွားသည့် မြို့အများအပြားရှိနေသော်လည်း လီမာမြို့မှာမူ ထိပ်ဆုံး မြို့ ၁၀ဝ စာရင်းတွင် ပါဝင်သည့် တစ်ခုတည်းသော အာရှမဟုတ်သည့်မြို့ ဖြစ်ခဲ့သည်။

ကမ္ဘာတစ်ဝန်းရှိ ရေထုညစ်ညမ်းမှု အဆိုးဆုံးမြို့ ၅၀ တွင်မူ ၃၅ မြို့မှာ တရုတ်နိုင်ငံအတွင်းရှိမြို့များဖြစ်ပြီး ထိပ်ဆုံး ၁၅ မြို့တွင် (၂)မြို့မှာ ရေရှားပါးမှုနှင့် ကြုံတွေ့နေရသည်ဟု အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။ ယင်းအစီရင်ခံစာသည်  အသက်ရှင်သန်နိုင်စွမ်း အပေါ် ခြိမ်းခြောက်မှု၊ အလားအလာရှိသော ရင်းနှီးမြှုပ်နှံမှု၊ အိမ်ခြေမှု ပိုင်ဆိုင်မှုများနှင့် လုပ်ငန်းလည်ပတ်နိုင်စွမ်းတို့အပေါ် အကဲဖြတ် ချင့်တွက်၍ ထုတ်ပြန်ထားခြင်း ဖြစ်သည်။   
 
ရဲခေါင် (Ref: AFP)






အခြားဆက်စပ်သတင်းများ