နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိန္ဒိယနိုင်ငံကာကွယ်ရေး သစ်တောအတွင်း ဆင် ၁၈ ကောင်ခန့် သေဆုံးနေ

နယူးဒေလီ၊ မေ ၁၇

အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း အာဆမ်ပြည်နယ်ရှိ ထိန်းသိမ်းကာကွယ်ထားသော ကွန်ဒါလီအမည်ရှိ သစ်တော ကြိုးဝိုင်းအတွင်း မိုးကြိုးပစ်ခံရသည်ဟု ယူဆရသော ဆင် ၁၈ ကောင်ခန့် သေဆုံးလျက်ရှိသည်ကိုတွေ့ရကြောင်း ဒေသခံများ ပြောကြားချက်အရသိရသည်။

အိန္ဒိယနိုင်ငံမြောက်ပိုင်း အာဆမ်ပြည်နယ် ထိန်းသိမ်း စောင့်လျှောက်ရေးစခန်းတစ်ခုတွင် အနည်းဆုံး ဆင် ၁၈ ကောင် သေဆုံးနေမှုအပေါ် အာဏာပိုင်များကလည်းအရေးတကြီး စုံစမ်းစစ်ဆေးနေပြီး မိုးကြိုးပစ်ခံရသည်ဟု ယူဆထားသော် လည်း သတ္တဗေဒပညာရှင်များကမူ ယခုကဲ့သို့သေဆုံးရခြင်းမှာ အဆိပ်မိခြင်းဖြစ်နိုင်ကြောင်း ကောက်ချက်ချနေကြသည်။

အိန္ဒိယနိုင်ငံတွင် ဆင်ကောင်ရေ ၃၀,ဝ၀ဝ နီးပါးရှိကြောင်း၊ ယင်းမှာအာရှတောရိုင်းဆင်အရေအတွက်၏ ၆၀ ရာခိုင်နှုန်း ခန့်ဖြစ်ကြောင်း၊ အာရှတိုက်၏ တောရိုင်းဆင် ၆,ဝ၀ဝ ခန့် (သို့မဟုတ်) ယင်းထက်ပိုသော ဆင်ကောင်ရေများမှာ အာဆမ် ပြည်နယ်တွင် နေထိုင်ကျက်စားလျက်ရှိကြောင်းသိရသည်။
ရဲခေါင် (ref; Reuters)






အခြားဆက်စပ်သတင်းများ