နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပါကစ္စတန်နိုင်ငံ၊ ပန်ဂျပ်ပြည်နယ် တူးမြောင်းအတွင်း ဗန်ကားတစ်စီးပြုတ်ကျ၊ ကလေးများအပါအဝင် လူ ၁၁ ဦး သေဆုံး

အစ္စလာမ်မာဘတ်၊ မေ ၁၇

ပါကစ္စတန်နိုင်ငံအရှေ့ပိုင်း ပန်ဂျပ်ပြည်နယ်ရှိ ဆိုင်ခွန်ပူရာ ခရိုင်၌ မေ ၁၄ ရက်၊ ညနေပိုင်းတွင် ခရီးသည်တင်ဗန်ကား တစ်စီးသည် တူးမြောင်းထဲသို့ ပြုတ်ကျပြီးနောက် ကလေး ၇ဦး အပါအဝင် လူ ၁၁ ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်းမီဒီယာ ဖော်ပြခဲ့သည်။

သတင်းများအရ လူ ၁၁ ဦး သယ်ဆောင်လာသည့်ဗန်ကား တစ်စီးသည်ဆိုင်ခွန်ပူရာမြို့ Khanqah Dogran ဒေသရှိ Mianwali တူးမြောင်းအတွင်း ပြုတ်ကျသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ရဲနှင့်ကယ်ဆယ်ရေးအဖွဲ့များသည် အခင်းဖြစ်ပွား ရာ နေရာသို့အမြန်ရောက်ရှိလာပြီး အဆိုပါနစ်မြုပ်နေသည့်မော်တော်ယာဉ်ပေါ်မှ ရုပ်အလောင်းများကို ထုတ်ယူခဲ့ကြောင်း သိရသည်။ သေဆုံးသူများထဲတွင် ကလေး ၇ ဦး၊ အမျိုးသမီး ၃ ဦးနှင့် အမျိုးသား၁ဦးတို့ပါဝင်ပြီး ၎င်းတို့သည်မိသားစုတစ်ခု တည်းဖြစ်ကြကြောင်း သိရသည်။

ယာဉ်မောင်းသည်တူးမြောင်းကမ်းပါး၌ မော်တော်ယာဉ် အား အရှိန်လွန်မောင်းနှင်လာစဉ် မထိန်းနိုင်ဘဲ မတော်တဆမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်သက်သေတစ်ဦးက မီဒီယာ သို့ ပြောသည်။ ပါကစ္စတန်တွင်ယာဉ်မတော်တဆမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိပြီးအဓိကအားဖြင့် လမ်းမကောင်း ခြင်း၊ ယာဉ်ပြုပြင် ထိန်းသိမ်းမှုမကောင်းခြင်းနှင့် ယာဉ်မောင်း နှင်မှု မကျွမ်းကျင်ခြင်းတို့ကြောင့်ဖြစ်ကြောင်း သိရသည်။
မျိုးဝင်း (ref;Xinhua)






အခြားဆက်စပ်သတင်းများ