နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အစ္စရေးလ်လေကြောင်းတိုက်ခိုက်မှုကြောင့် AP သတင်းအေဂျင်စီရုံးရှိရာ အဆောက်အဦပျက်စီး

ဂျေရုဆလင်၊ မေ ၁၇

အစ္စရေးလ်၏  လေကြောင်း တိုက်ခိုက်မှုများကြောင့် AP သတင်း အေဂျင်စီ ရုံးအပါအဝင်ဂါဇာရှိ Al-Jazeera သတင်းဌာနရုံးများ တည်ရှိရာ အထပ်မြင့် အဆောက်အဦးတစ်လုံး ပျက်စီးခဲ့ကြောင်းသိရသည်။

လက်ရှိအချိန်သည် အစ္စရေးလ် နှင့် ပါလက်စတိုင်းကြား ၂၀၁၄ ခုနှစ် နောက်ပိုင်း အဆိုးရွားဆုံးအကြမ်းဖက် တိုက်ခိုက်မှုဖြစ်နေပြီး အစ္စရေးလ်  ဘက်က ဂါဇာကို လေကြောင်းမှတစ်ဆင့် တိုက်ခိုက် နေသလို ဟားမတ်စ် စစ်သွေး ကြွများကလည်း အစ္စရေးလ်ကို ဒုံးကျည် များနှင့် တုံ့ပြန်တိုက်ခိုက်နေခြင်းဖြစ် သည်။

ယင်းပစ်ခတ်မှုများကြောင့် လူနေ အိမ်ခန်းများ၊  သတင်းဌာနရုံးများ အပါအဝင် အခြားသောရုံးခန်းများရှိရာ ၁၂ထပ်အဆောက်အဦးကိုအစ္စရေးလ် စစ်တပ်က မတိုက်ခိုက်မီ တစ်နာရီ အလိုတွင် အဆောက်အဦးပိုင်ရှင် ကိုတယ်လီဖုန်းနှင့် အကြောင်းကြား ခဲ့ပြီး ယင်းနောက်တွင် အစ္စရေလ်းဘက် က ဒုံးကျည်များနှင့် ပစ်ချခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
AP သတင်းအေဂျင်စီ ဝန်ထမ်း တစ်ဒါဇင်နီးပါး အသက်ဘေးမှကပ်၍  လွတ်မြောက်ခဲ့ပြီး ယခုကဲ့သို့တိုက်ခိုက် ခံရမှုတွင် အစ္စရေးလ်ဘက်သာမက အမေရိကန်နိုင်ငံခြားရေးဌာနဘက်ကပါ အချက်အလက်များရရှိရန် AP သတင်းအေဂျင်စီကကြိုးစားမည်ဖြစ်ကြောင်း သတင်းအေဂျင်စီ အကြီးအကဲတစ်ဦးကပြောသည်။

လွတ်လပ်သည့် သတင်းမီဒီယာနှင့် သတင်းထောက်များ၏  ဘေးကင်း လုံခြုံရေးအတွက်  အစ္စရေးလ်နှင့် တိုက်ရိုက်  ဆက်သွယ်ထားပြီးဖြစ် ကြောင်း အမေရိကန်သမ္မတအိမ်ဖြူတော်ပြန်ကြားရေးတာဝန်ခံ Jen Psaki က တွစ်တာလူမှုကွန်ရက်တွင် ရေးသား ထားသည်။
ရဲခေါင် (ref;AP)






အခြားဆက်စပ်သတင်းများ