နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အရပ်ဘက်သင်္ဘောများ၏ လုံခြုံရေးတာဝန်ယူရန် တရုတ်စစ်သင်္ဘောအုပ်စု စတင်ထွက်ခွာ

နင်ဘို၊ မေ ၁၇

အေဒင်ပင်လယ်ကွေ့နှင့် ဆိုမာလီကမ်းလွန်တွင်အရပ်ဖက်သင်္ဘောများကို လုံခြုံရေးလိုက်ပါစောင့်ရှောက် ပေးရန်အတွက်  တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်(PLA) ၏ အမှတ် ၃၈ လုံခြုံရေး အစောင့်အရှောက် စစ်သင်္ဘောအုပ်စုအနေဖြင့် စစ်ဘက်ဆိုင်ရာဆိပ်ကမ်းမှစတင်ထွက်ခွာလာ ပြီဖြစ်ကြောင်း သိရသည်။

ယင်းသင်္ဘောအုပ်စုတွင် ပဲ့ထိန်း ဒုံးဖျက်သင်္ဘော၊ ဒုံးကျည်တပ်ဆင် ထားသော ဖရီးဂိတ်စစ်သင်္ဘောနှင့် ထောက်ပံ့ ရေးသင်္ဘောများအပါအဝင် အထူးစစ်ဆင်ရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ပေါင်းများစွာနှင့် ရဟတ်ယာဉ်နှစ်စင်း လည်း ပါဝင်ကြောင်းသိရသည်။
ယင်းမှာ ပဲ့ထိန်းဒုံးဖျက်စစ်သင်္ဘောအတွက်ပထမဆုံးအကြိမ် လုံခြုံရေး လိုက်ပါစောင့်ရှောက်ခြင်း အစီအစဉ်တွင် ပါဝင်လာခဲ့ခြင်းဖြစ်သည်။ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) အနေဖြင့်၂၀ဝ၈ ခုနှစ်၊ဒီဇင်ဘာတွင်အေဒင်ပင်လယ်ကွေ့နှင့် ဆိုမာလီကမ်း လွန်းပင်လယ်ပြင်၌ လုံခြုံရေးအစောင့် ရှောက် လိုက်ပါရန်အတွက် စတင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မျိုးဝင်း (ref; Xinhua)






အခြားဆက်စပ်သတင်းများ