နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Ooredoo ဆင်းကတ်များ မှတ်ပုံတင်၍ အခမဲ့ဒေတာများရယူနိုင်

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ လမ်းညွှန်ချက်အရ ၂၀၂၀ ပြည့်နှစ်၊ ဧပြီ ၃၀ ရက်မတိုင်ခင် ဆင်းကတ်ကို မိမိ၏နိုင်ငံသားစိစစ်ရေးကတ်နှင့် မှတ်ပုံတင်ရမည်ဖြစ်ပြီး မှတ်ပုံတင်မထား (သို့) အချက်အလက်ပြည့်စုံစွာ မှတ်ပုံမတင်ထားသည့် ဆင်းကတ်များမှာ ဝန်ဆောင်မှုများကို ဆက်လက်အသုံးပြုနိုင်တော့မည်မဟုတ်ကြောင်း သိရသည်။ Ooredoo ဆင်းကတ် ကိုင်ဆောင်သူများအနေဖြင့် ကိုယ်ပိုင်အမည်ပေါက်ရန် မိမိ၏နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် My Ooredoo app မှာ အလွယ်တကူမှတ်ပုံတင်ပြီး 500 MB လက်ဆောင်ရယူနိုင်ရန် စီစဉ်ပေးထားကြောင်း သိရသည်။ အဆိုပါလုပ်ဆောင်ချက်အနေဖြင့် *565# ကို ခေါ်ဆိုပြီး My Ooredoo app ကို ဒေါင်းလုတ်ရယူပါ။ ရရှိလာသော လင့်ခ်ကိုနှိပ်ပြီး app ကို install လုပ်ပါ။ app ကို ဖွင့်လိုက်ပါက pop-up ကြော်ငြာကို တွေ့ရမည်ဖြစ်ပြီး 'မှတ်ပုံတင်' ကို နှိပ်ပါ။ ဆင်းကတ်မှတ်ပုံတင်ရန်ပုံစံကို ဖြည့်သွင်းပါ။ မိမိ၏မိုဘိုင်းနံပါတ် ကိုစစ်ဆေးပြီး ID ကိုရွေးချယ်ပါ။ (မြန်မာနိုင်ငံသားများအတွက် နိုင်ငံသားစိစစ်ရေးကတ်၊ နိုင်ငံခြားသားများ အတွက် Passport) နိုင်ငံသားစိစစ်ရေးကတ်ပြားအရှေ့နှင့် အနောက်ဘက်ခြမ်း နှစ်ခုလုံး ဓာတ်ပုံရိုက်ပြီး တင်သွင်းပါကို နှိပ်ပါ။ ကြည်လင်ပြတ်သားသောဓာတ်ပုံဖြစ်ရန်လိုအပ်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားနံပါတ်ကို ကောင်းမွန်စွာ ဖတ်ရှုနိုင်ရန်နှင့် ဖြည့်သွင်းထားသောနံပါတ်နှင့်ကိုက်ညီရန် လိုအပ်သည်။ တင်သွင်းပါကို နှိပ်ပြီးလျှင် မှတ်ပုံတင်ခြင်း ပြီးမြောက်သွားမည်ဖြစ်ကြောင်း သိရသည်။ အထက်ပါ လုပ်ဆောင်ချက်များအတိုင်း မိမိဆင်းကတ်အတွက် မှတ်ပုံ‌တင်ပြီးပါက အခမဲ့ဒေတာ လက်ဆောင်ပမာဏ 500MB ရရှိသွားမည်ဖြစ်ပြီး တခြားသူဆင်းကတ်အတွက် ပြုလုပ်ပေးမည်ဆိုပါက ဝန်ဆောင်မှုပြုလုပ်ပေးသည့် ဆင်းကတ်ပိုင်ရှင်တွင် 250MB နှင့် မှတ်ပုံတင်သည့် ဆင်းကတ်ပိုင်ရှင် 250MB ရရှိမည်ဖြစ်သည်။ ထို့အပြင် အူရီဒူးအရောင်းဆိုင်များသို့လည်း သွားရောက်ကာ ဆင်းကတ်ကို မှတ်ပုံတင်နိုင် ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား (သို့) နိုင်ငံကူးလက်မှတ်ကို ယူဆောင်သွားရမည်ဖြစ်ကြောင်း သိရသည်။ AMH (မြို့တော်သတင်း)






အခြားဆက်စပ်သတင်းများ