ဝါရှင်တန် မေ ၁၆
အမေရိကန်နိုင်ငံ ကမ်းခြေစောင့်သင်္ဘောတစ်စင်းသည် ဟောမုဇ် (Hormuz) ရေလက်ကြားတွင် မေ ၁၀ ရက်အစောပိုင်းက အီရန် အစ္စလာမ်မစ် တော်လှန်ရေးကမ်းခြေစောင့်တပ်ဖွဲ့ ရေတပ် (IRGCN) ၏ စပိဘုတ်များနှင့် အနီးကပ်ရင်ဆိုင်ကြုံတွေ့စဉ် သတိပေးပစ်ခတ်မှု ပြုလုပ်ခဲ့ကြောင်း ပင်တဂွန်က မေလဒုတိယပတ် ထုတ်ပြန်ကြေညာ ချက်တွင် ထည့်သွင်းပြောကြားခဲ့သည်။ ပဲ့ထိန်းဒုံးကျည်တပ်ရေငုပ် သင်္ဘော USS Georgia အား လိုက်ပါကြီးကြပ်သော အမေရိကန် ရေတပ်သင်္ဘော ၆ စင်းသည် ဟောမုဇ်ရေလက်ကြားကို ဖြတ်သန်းစဉ် IRGCN fast attack သင်္ဘော ၁၃ စင်းနှင့် ထိပ်တိုက်ကြုံတွေ့ခဲ့ခြင်းဖြစ် ကြောင်း ပင်တဂွန်ပြောရေးဆိုခွင့်ရှိသူက နေ့စဉ်သတင်းစာရှင်းလင်းပွဲ တွင် ပြောကြားခဲ့သည်။
ယင်း၏အဆိုအရ အီရန်သင်္ဘောများသည် မြန်နှုန်းမြင့်ဖြင့် အမေရိကန်သင်္ဘောများထံ ကိုက် ၁၅၀ (၁၃၇ မီတာခန့်) အထိ နီးကပ်စွာ ချဉ်းကပ်လာခဲ့ခြင်းဖြစ်ကြောင်း၊ အမေရိကန်ကမ်းခြေစောင့် Cutter Maui က အီရန်သင်္ဘောများမထွက်ခွာမီ စက်သေနတ်ဖြင့် အချက် ၃၀ ခန့် သတိပေးပစ်ခတ်ခဲ့ကြောင်း သိရသည်။ ယင်းဖြစ်ရပ်သည် အမေရိကန်နိုင်ငံနှင့် အီရန်နိုင်ငံတို့ကြား ပူးတွဲဘက်စုံလှုပ်ရှားမှုအစီအစဉ်ဟု လူသိများသော အီရန်နျူကလီးယား သဘောတူညီချက်ကို ပြန်လည်သုံးသပ်ရေး ဗီယင်နာမြို့၌ တစ်ဆင့်ခံဆွေးနွေးမှုများ ပြုလုပ် နေစဉ်အတွင်းမှာပင် ထွက်ပေါ်လာခြင်းလည်းဖြစ်သည်။
ရဲခေါင် (Ref; CNA)