နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တိုကျိုအိုလံပစ်ပွဲတော်မကျင်းပရန် လူ ၃ သိန်းခွဲ လက်မှတ်ထိုးကန့်ကွက်

တိုကျို   မေ   ၁၆

ဂျပန်နိုင်ငံတွင် ကျင်းပရန်စီစဉ်နေသည့် အိုလံပစ်အားကစားပွဲ များကိုဖျက်သိမ်းရန် လူပေါင်း ၃ သိန်းခွဲကျော် လက်မှတ်ရေးထိုး တောင်းဆိုထားသည့်  ကန့်ကွက်လွှာတစ်စောင်ကို  အိုလံပစ်နှင့်      မသန်စွမ်းအိုလံပစ်ကော်မတီအကြီးအကဲများအပြင်၊ တိုကျိုမြို့တော် အုပ်ချုပ်ရေးမှူး Yuriko Koike ထံသို့ ပေးပို့လိုက်ကြကြောင်း သိရ သည်။ ဇူလိုင်လ ၂၃ ရက်နေ့ အားကစားပွဲများ စတင်ကျင်းပမည့် တိုကျိုမြို့တော်အပါအဝင် နေရာတော်တော်များများတွင်  Covid ရောဂါကူးစက်မှုတိုးလာသည့်အတွက် အိုလံပစ်ပွဲတော်ကျင်းပမည့် အစီအစဉ်ကိုကန့်ကွက်ကြခြင်းဖြစ်ကြောင်း သိရသည်။

အားကစားပွဲများကျင်းပမည်ဆိုပါက တန်ဖိုးရှိသည့် ကျန်းမာရေး လုပ်ငန်းများကိုလည်း သုံးရမည်ဖြစ်သည့်အတွက် တိုကျိုအိုလံပစ် အားကစားပွဲတော်ကို ရပ်သင့်ကြောင်း    ကန့်ကွက်လှုပ်ရှားမှုကို ဦးဆောင်သူ Kenji Utsunomiya က ပြောသည်။ Covid ကပ်ရောဂါ ကြောင့် ပြီးခဲ့သည့်နှစ်များအတွင်း အစီအစဉ်များကိုဖျက်ခဲ့ရပြီးနောက် အားကစားပွဲများကို အစီအစဉ်အတိုင်းကျင်းပနိုင်ရန် ဂျပန်အစိုးရ တာဝန်ရှိသူများက ရည်မှန်းထားသော်လည်း ကမ္ဘာတစ်ဝန်းကပ်ရောဂါ နှင့်ကြုံနေရချိန်တွင်၂၀၂၀ ပြည့်နှစ် တိုကျိုအိုလံပစ်အားကစားပွဲကို ဘေးအန္တရာယ်ကင်းကင်းကျင်းပနိုင်ရန်မှာ အရေးကြီးသောစိန်ခေါ်မှု တစ်ခုသဖွယ်ဖြစ်နေကြောင်း တိုကျိုမြို့တော်အုပ်ချုပ်ရေးမှူးက ပြော သည်။ ဂျပန်နိုင်ငံတွင် Covid ကပ်ရောဂါကူးစက်မှုများ တိုးလာ နေခြင်းကြောင့် ပြီးခဲ့သည့်သောကြာနေ့က ဟိုကိုင်းဒို၊ အိုကာယာမာ၊ ဟီရိုရှီးမား စသည့် ဒေသ ၃ ခုတွင် အရေးပေါ်အခြေအနေတစ်ရပ်ကို ထပ်မံကြေညာထားသည်။                                  ရဲခေါင် (Ref;NHK)






အခြားဆက်စပ်သတင်းများ