နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဇနီးဟောင်း အသတ်ခံရမှုအတွက် သံသယရှိနေသည့် လီဆိုသိုဝန်ကြီးချုပ် ရာထူးမှ နုတ်ထွက်မည်ဟု ကြေညာ

မေ  ၁၉၊  မာဆီရူ

ဇနီးဟောင်း အသတ်ခံရသည့်ဖြစ်ရပ်တွင် သံသယရှိသူအဖြစ် သတ်မှတ်ခံရပြီးနောက် ဖိအားပေးမှုများ လပေါင်းများစွာ ရင်ဆိုင်ခဲ့ရသည့် လီဆိုသိုဝန်ကြီးချုပ် သောမတ်စ်သာဘာနီက ရာထူးမှ နုတ်ထွက်မည်ဟု ကြေညာခဲ့သည်။

ရာထူးမှ နုတ်ထွက်မည့်အချိန်ကို ထည့်သွင်းပြောကြားခဲ့ခြင်းမရှိသော်လည်း လာမည့်  ဗုဒ္ဓဟူးနေ့တွင် ဝန်ကြီးချုပ်သစ်ကို ကျမ်းသစ္စာကျိန်ဆိုမည်ဖြစ်ကြောင်း ယင်း၏ပါတီက ပြောသည်။

အသက် ၈၀ ရှိသည့် သာဘာနီ၏ လက်ရှိဇနီးမှာ ပြီးခဲ့သည့် ဖေဖော်ဝါရီလက လူသတ်မှုနှင့်စပ်လျဉ်း၍ စွဲချက်တင်ခံထားရသည်။

သို့သော် သာဘာနီနှင့် လက်ရှိဇနီးတို့က ဇနီးဟောင်း သေဆုံးမှုတွင် ပါဝင်ခဲ့ခြင်းမရှိဟု ငြင်းဆန်ထားသည်။

သာဘာနီက ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာမကျိန်ဆိုမီ နှစ်ရက်အလိုဖြစ်သည့် ၂၀၁၇ ခုနှစ် ဇွန်လတွင်  ယင်း၏ ဇနီးဟောင်း လီပိုလီလိုကို သေနတ်သမားများက ပစ်ခတ်သတ်ဖြတ်ခဲ့သည်။

လီဆိုသိုနိုင်ငံမှာ ယခုနှစ်တွင် နိုင်ငံရေးမတည်ငြိမ်မှု ကြုံတွေ့ခဲ့ပြီး ဝန်ကြီးချုပ် သာဘာနီမှာလည်း ပြီးခဲ့သည့် ရက်သတ္တပတ်က လွှတ်တော်တွင် အမတ်နေရာအများစု ရရှိမှုကို ဆုံးရှုံးခဲ့ရသည်။

ယင်းကို ထောက်ခံပေးနေသည့် ညွန့်ပေါင်းအဖွဲ့ ပြိုကွဲခဲ့ခြင်းကြောင့် လာမည့်သောကြာနေ့တွင် အစိုးရသစ် ဖွဲ့စည်းဖွယ်ရှိနေသည်။

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ