ဆန်းရှီး မေ ၁၆
တရုတ်နိုင်ငံ၏ ကျောက်မီးသွေးပေါကြွယ်ဝသည့် ဆန်းရှီး ပြည်နယ်၌ ကျောက်မီးသွေးတွင်းလုံခြုံမှုနှင့် ထိရောက်မှုမြှင့်တင်ရန် အတွက် ကျောက်မီးသွေးတွင်း၌ ပထမဦးဆုံး 5G ကွန်ရက်အား တပ်ဆင်ခဲ့သည်။ ဆန်းရှီးပြည်နယ် ကျင့်ကျုံးမြို့ စော့ယန်ကောင်တီရှိ Lu’an Chemical Group ၏ ရှင်ယွမ်အမည်ရှိ ကျောက်မီးသွေးတွင်း သည် တရုတ်နိုင်ငံ၏ ပထမဆုံးမြေအောက် 5G ကွန်ရက်တပ်ဆင် ထားသည့် ကျောက်မီးသွေးတွင်းနေရာဖြစ်သည်။ မြေအောက်မီတာ ၅၀ဝ ကျော်ရှိ စက်မှုနှင့်အီလက်ထရွန်းနစ်အခန်းတွင် ပါဝါခလုတ်များ အားလုံးကိုတပ်ဆင်ထားသည့် လျှပ်စစ်အခန်းမှာ အဆိုပါ ကျောက်မီး သွေးတွင်း၏ လျှပ်စစ်စွမ်းအင်ထောက်ပံ့မှုများအားလုံးကို ထိန်းချုပ် ထားသည်။
ယခင်က အဆိုပါနေရာတွင် အနည်းဆုံး လူ ၃ ဦးစစ်ဆေး ကင်းလှည့်ပေးရန်လိုခဲ့ပြီး ယခုမူ 5G နည်းပညာအသုံးပြုခြင်းကြောင့် လူများအစား HD ကင်မရာဖြင့်ရိုက်ကူးပြီး သတင်းအချက်အလက် အားလုံးကို မြေပြင်ပေါ်တွင်ရှိသောထိန်းချုပ်ခန်းသို့ ပေးပို့နိုင်မည်ဖြစ် ကြောင်း သိရသည်။ တရုတ်နိုင်ငံသည် 5G ၊ ဉာဏ်ရည်တု၊ စက်ရုပ် နည်းပညာ၊ စက်မှုအင်တာနက်နှင့် အခြားနည်းပညာများအားအမှီပြု၍ ခေတ်မီသောသတ္တုတွင်းများတည်ဆောက်ရေးကို တက်ကြွစွာ အားပေးလျက်ရှိသည်။ တရုတ်နိုင်ငံသည် ၂၀၃၅ ခုနှစ်တွင် တစ်နိုင်ငံ လုံးရှိ ကျောက်မီးသွေးတွင်းအားလုံးအား အခြေခံခေတ်မီကုန်ထုတ် လုပ်မှု (basic intelligent manufacturing) အဖြစ်သို့မြှင့်တင်နိုင်ရန် အဆိုပြုထားသည်။
မျိုးဝင်း (Ref; Xinhua)