မန္တလေး၊ မေ ၁၉
ကမ္ဘာ့နိုင်ငံအသီးသီးတွင် ဖြစ်ပေါ်နေသော COVID-19 ရောဂါ ကြိုတင်ကာကွယ်၊ထိန်းချုပ်၊ကုသရေး ဆိုင်ရာ လုပ်ငန်းများတွင် မန္တလေးတိုင်းဒေသကြီးအတွင်း လိုအပ်သည့်နေရာများတွင် အသုံးပြုရန်အတွက် အလှူငွေ များနှင့် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ လာရောက်လှူဒါန်းလျက်ရှိရာ မေ ၁၈ ရက် ညနေ ၄ နာရီက ရုပ်ရှင်သရုပ်ဆောင်၊အဆိုတော် စိုင်းစိုင်းခမ်းလှိုင်နှင့် ပရိသတ်များက အလှူငွေကျပ်သိန်း ၁၀ဝ ၊ဦးဇော်မင်း+ ဒေါက်တာတင်မြင့်မိသားစု မင်္ဂလာကုမ္ပဏီက ငွေကျပ်သိန်း ၁၀ဝ၊ မြန်မာ့သရက်ဈေးကွက်နှင့် နည်းပညာ ဖွံ့ဖြိုးရေးအသင်းနှင့် ရွက်သစ်စိုက်ပျိုးရေးပစ္စည်းရောင်းဝယ်ရေးက PPE ဝတ်စုံ ၅၀၊ Mask ၁၂၀ဝ၀ ခု၊ အပူချိန် တိုင်းကိရိယာ ၁၀ ခု၊ Quarantine နေရာများအတွက် စိန်တစ်လုံးသရက်သီး အလုံး ၃၄၀ဝ ၊ တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့(၁)က PPE ဝတ်စုံ ၁၀ စုံနှင့် အသက်ရှူစက် တစ်ခုတို့ကို မန္တလေတိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံးသို့ လာရောက်လှူဒါန်းရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်စဉ်။
သီဟကိုကို(မန္တလေး)