ဝါရှင်တန် မေ ၁၅
အမေရိကန်ပြည်ထောင်စုတွင် Covid ရောဂါကာကွယ်ဆေး အပြည့်အဝထိုးပြီးသည့်သူများအတွက် နှာခေါင်းစည်း mask တပ်ရန် ကန့်သတ်ချက်ကို နေရာအများစုတွင် ဖြေလျှော့ပေးမည်ဖြစ်ကြောင်း ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်တားဆီးရေးဌာန CDC က မေ ၁၄ ရက်တွင် ကြေညာလိုက်သည်။
လမ်းညွှန်ချက်အသစ်အရ လုပ်ငန်း ခွင်များ၊ ကျောင်းများကဲ့သို့သော နေရာများတွင် ကာကွယ်ဆေး အပြည့်အဝထိုးပြီးသူများအနေဖြင့် နှာခေါင်းစည်းဝတ်ရန်မလိုတော့ သော်လည်း ဘတ်စ်ကားများ၊ လေယာဉ်များ၊ ဆေးရုံများ၊ ထောင်များ နှင့် အိုးမဲ့အိမ်မဲ့များ ခိုလှုံရာဂေဟာများကဲ့သို့ နေရာများတွင် နှာခေါင်း စည်းဝတ်ကြရမည်ဖြစ်သည်။ ကာကွယ်ဆေးထိုးပြီးသူများအနေဖြင့် ပြင်ပရှိ လူစုလူဝေးအကြား နှာခေါင်းစည်းဝတ်ရန် လမ်းညွှန်ချက် များကိုလည်း CDC က ရုပ်သိမ်းလိုက်ပြီး ကာကွယ်ဆေးထိုးသည့် အကျိုးရလဒ်အဖြစ် ဆေးထိုးပြီးသားလူများအတွက် ကန့်သတ်ချက် များလျှော့ပေးရန် အစိုးရနှင့် CDC အပေါ် ဖိအားပေးခံနေရချိန်တွင် ယခုလို ကြေညာချက်ထွက်လာခြင်းဖြစ်သည်။
အမေရိကန်တွင် ကိုဗစ်ရောဂါကာကွယ်ဆေးထိုးပြီးသူများမှာ အရွယ်ရောက်သူလူဦးရေ၏ ၄၆ ရာခိုင်နှုန်းကျော် ၁၅၄ သန်းနီးပါး ရှိနေပြီး၊ ဆေးနှစ်ကြိမ်ထိုးပြီးသူများမှာ ၁၁၇ သန်းကျော်ရှိသည်။ Pfizer ကုမ္ပဏီက ထုတ်သည့် ကာကွယ်ဆေးကို အသက် ၁၂ နှစ်မှ ၁၅ နှစ်အရွယ်ကလေးများကိုပါ ထိုးခွင့်ပြုလိုက်သည့်အတွက် မကြာခင် ရက်များအတွင်း ကာကွယ်ဆေးထိုးသူအရေအတွက် သိသိသာသာ တိုးလာမည်ဟု သုတေသီများက ခန့်မှန်းထားကြသည်။
မျိုးဝင်း (Ref; CNN)