နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာဖဂန်များကို လုံခြုံရေးပိုမိုပေးရန်နှင့် ပြည်ဝင်ခွင့်ဗီဇာများစီစဉ်ပေးရန် အမေရိကန်ထိပ်တန်းအရာရှိဟောင်းများ တောင်းဆို

ကဘူးလ်  မေ   ၁၅

အမေရိကန်အတွက် အလုပ်လုပ်ပေးခဲ့သည့် အာဖဂန်များကို လုံခြုံရေးပိုင်းဆိုင်ရာ တိုးမြှင့်ဆောင်ရွက်ပေးရန်နှင့် အမေရိကန် ပြည်ထောင်စုသို့ ပြည်ဝင်ခွင့်ဗီဇာထုတ်ပေးရန် အစိုးရအာဏာပိုင် များကို ကန်ထိပ်တန်းအရာရှိဟောင်းများက တိုက်တွန်းတောင်းဆို လိုက်သည်။ အမေရိကန်နှင့် နေတိုးတပ်များ စစ်စခန်းရုပ်သိမ်းမှု မပြီးဆုံးမီတွင် ယင်းကိစ္စကို အကောင်အထည်ဖော်ရန်လိုအပ်ပြီး အမေရိကန်တွေကို အကူအညီပေးခဲ့သည့် အာဖဂန်များအနေဖြင့် အမေရိကန်နှင့် နေတိုးတပ်များ တပ်စခန်းအပြီးသတ်ရုပ်သိမ်းပြီးချိန်     ရောက်လျှင် တာလီဘန်များ၏ အဓိကပစ်မှတ်ဖြစ်လာနိုင်ကြောင်း အမေရိကန်ထိပ်တန်းအရာရှိဟောင်းများက ယူဆထားသည်။

အာဖဂန်နစ္စတန်အရေးနှင့်ပတ်သက်သည့်  အမေရိကန်မူဝါဒ ရေးရာများကို ရေးဆွဲရာတွင် နှစ် ၂၀ နီးပါး ပါဝင်ပတ်သက်ခဲ့သည့် အမေရိကန်ထိပ်တန်းအရာရှိ ၁၀ဝ နီးပါးသည် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင် နှင့် ကာကွယ်ရေးဝန်ကြီး လွိုက်ဒ် အော်စတင်တို့ထံ ယခုကိစ္စအတွက် လက်မှတ်ရေးထိုးတောင်းဆိုလိုက်ကြခြင်းဖြစ်ပြီး ဂျိုးဘိုင်ဒင်အစိုးရအဖွဲ့အနေဖြင့်   မဖြစ်မနေလုပ်ဆောင်ပေးရမည့် တာဝန်သာဖြစ်ကြောင်း အရာရှိဟောင်းများက ပြောကြားသည်။ အမေရိကန်နှင့် လက်တွဲခဲ့သူ၊ အမေရိကန်၏ အကျိုးစီးပွားအတွက် လုပ်ဆောင်ပေးခဲ့သူများသည် ပြည့်ဝသည့် ကာကွယ်ရေးအစီအမံကို ရရှိရန်  အမှန်တကယ် ထိုက်တန်သူများဖြစ်ကြောင်း  အမေရိကန် ထိပ်တန်းအရာရှိဟောင်းများက မှတ်ချက်ပေးထားပြီး စကားပြန်များ အပါအဝင် အမေရိကန်ကို အကူအညီပေးခဲ့သူ အာဖဂန်အရေအတွက် ၁၆၀ဝ  ကျော်ရှိကြောင်း သိရသည်။             ရဲခေါင် (Ref;Reuters)






အခြားဆက်စပ်သတင်းများ