နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တိုကျိုအိုလံပစ်ပွဲများကို စီစဉ်ထားသည့်အတိုင်း ကျင်းပမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံဝန်ကြီးချုပ်ကတိပြု

တိုကျို   မေ   ၁၅

ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ဆူဂါ ယိုရှီဟီဒဲ (Suga Yoshihide) က ၂၀၂၀ ပြည့်နှစ် တိုကျိုအိုလံပစ်နှင့် မသန်စွမ်းအိုလံပစ်အားကစားပွဲ များကို ယခုနှစ် နွေရာသီတွင် စီစဉ်ထားသည့်အတိုင်း ကျင်းပသွားမည် ဖြစ်ကြောင်း မေလဒုတိယပတ်တွင် ကတိပြုပြောကြားခဲ့သည်။

အဆိုပါ ကတိပြုပြောကြားမှုကို NHK သတင်းဌာန၏ တီဗီ အစီအစဉ်တစ်ခုတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပြီး ယခုနှစ် နွေရာသီတွင် ၂၀၂၀ ပြည့်နှစ် အားကစားပွဲများ ကျင်းပမည်လားဟု ရုပ်သံတင်ဆက်သူ၏မေးမြန်းမှုကို  ဝန်ကြီးချုပ်က ကျင်းပမည်ဟု အတည်ပြုပြောကြားခဲ့ကြောင်း သိရသည်။ ဂျပန်ဝန်ကြီးချုပ်ဆူဂါက မိမိအနေဖြင့် ကမ္ဘာတစ်လွှား Covid အန္တရာယ်ကိုထိရောက်စွာ ကာကွယ်ရေးကိုလည်း   ထည့်သွင်းစဉ်းစားထားသည့်အတွက် ကာကွယ်ဆေးထိုးနှံခြင်းကို  အရှိန်မြှင့်ဆောင်ရွက်ကာ အားကစားပွဲ များကိုလည်း ဖြစ်မြောက်အောင်ဆောင်ရွက်သွားမည်ဟု ပြောကြား ခဲ့ကြောင်း NHK သတင်းတွင်ဖော်ပြထားသည်။

မျိုးဝင်း(Ref; Xinhua)






အခြားဆက်စပ်သတင်းများ