မန္တလေး၊ မေ ၁၉
မန္တလေးတိုင်းဒေသကြီးအတွင်း ထုတ်ပြန်ထားသော တားမြစ်ကန့်သတ်ချက်များကို တစ်ဆင့်ချင်း ပြန်လည်ဖြေလျှော့ပေးခြင်းအဖြစ် ရောဂါကူးစက်မှုအခွင့်အရေးနည်းပါးသည့်လုပ်ငန်းများကို ပထမဦးစားပေး အနေဖြင့် မန္တလေးမြို့စည်ပင်သာယာရေးကော်မတီပိုင် ဈေး ၄၁ ဈေးနှင့် စည်ပင်သာယာနှင့်သက်ဆိုင်သည့် လုပ်ငန်းများ၊ အရောင်းဆိုင်များကို မေ ၁၆ ရက်က စတင်ဖွင့်လှစ်ခွင့်ပြုခဲ့သည်။
ဒုတိယဦးစားပေးအနေဖြင့် ဈေးချိုတော်၊ တိုက်တန်းကြီး၊ မန်းမြန်မာပလာဇာ၊ ရတနာပုံဈေးတို့ ပြန်လည် ဖွင့်လှစ်ရေးအတွက် မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်နှင့် စည်ပင်သာယာရေးကော်မတီဝင်များ မေ ၁၈ ရက် မွန်းလွဲ ၂ နာရီက ကွင်းဆင်းစစ်ဆေးစဉ်။
မောင်ပြည်သူ(မန္တလေး)