နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျေးလက်စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေး

နိုင်ငံတော်ကဖော်ဆောင်နေသည့်   လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးဆိုသည်မှာ အားလုံးပါဝင်သည့် ဖွံ့ဖြိုးတိုးတက်မှု ဖြစ်ပါကြောင်း၊ နိုင်ငံတစ်ဝန်းရှိပြည်သူများအားလုံးထံ ဖွံ့ဖြိုး တိုးတက်မှုအားလုံးကို မျှမျှတတပျံ့ပျံ့နှံ့နှံ့အရောက်ပို့ဆောင်ပေး ရန်ဖြစ်ပါကြောင်း နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းသော ကျေးလက် နေပြည်သူများထံ ယင်းအသီးအပွင့်များအရောက် ဆောင်ကြဉ်း ပေးနိုင်မည့်လုပ်ငန်းစဉ်မှာ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှု လျှော့ချရေးပင်ဖြစ်ကြောင်း ယင်းကဲ့သို့ဖြည့်ဆည်းပေးရာတွင် လျှပ်စစ်မီးရရှိရေးနှင့် သန့်ရှင်းသော သောက်သုံးရေရရှိရေးသည် အဓိက ဝန်ဆောင်မှုဖြစ်ပါကြောင်း၊ အရည်အသွေးပြည့်မီသည့် လျှပ်စစ်မီးနှင့် သောက်သုံးရေဝန်ဆောင်မှုပေးနိုင်ရန် လိုအပ်လျက် ရှိကြောင်း သိရသည်။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက လျှပ်စစ်ဓာတ်အားသုံးစွဲသူ မိဘပြည်သူများ လုံခြုံစိတ်ချ၍ တည်ငြိမ်ပြည့်ဝသည့် လျှပ်စစ် ဓာတ်အားကိုသုံးစွဲနိုင်ရန်အတွက် နေ့ညမလပ်၊ ရာသီဥတု၊ အချိန် အခါမရွေး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ ပြုပြင် ခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။   ကျွန်ုပ်တို့နိုင်ငံတွင်      လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန်လိုအပ်သော စွမ်းအင်အမျိုးမျိုးနှင့် လောင်စာများ ရေရှည်စဉ်ဆက်မပြတ်ရရှိရေးနည်းလမ်းများနှင့် သဘာဝဓာတ်ငွေ့လိုအပ်ချက်ကို LNG ဖြင့် ဖြည့်ဆည်းခြင်းနှင့် နည်းပညာနှင့် စီးပွားရေးအချက်အလက်များသည် လျှပ်စစ်ဓာတ် အားထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြု မည်ဖြစ်သည်။

နိုင်ငံလူဦးရေ မြို့ပြလူ့အသုံးအဆောင်နှင့် စက်မှုလုပ်ငန်းများ တစ်နေ့တခြားတိုးပွားလျက်ရှိသည်။ တိုးပွားလာသည့်အနေအထား ကို ဖြည့်စွမ်းရာ၌ လျှပ်စစ်ဓာတ်အား ထုတ်ယူမှုများသည် သဘာဝ ပတ်ဝန်းကျင်မထိခိုက်စေရေးအတွက်    ရေရှည်စဉ်းစားရမည့် အချက်ဖြစ်သည်။ ထိုနေရာ၌ ပြန်လည်ပြည့်မြဲစွမ်းအင်သည် အရေးပါလှသည်။ လေစွမ်းအင်၊ နေစွမ်းအင်နှင့် ဇီဝနှင့်စွန့်ပစ်ပစ္စည်း လောင်စာတို့သည် သဘာဝအလျောက်ထုတ်ယူသုံးစွဲ၍ မကုန် သည့် စွမ်းအင်များဖြစ်သည်။ ထိုစွမ်းအင်များကိုထုတ်ယူရန် အရင်းအနှီး နှင့် နည်းပညာကျွမ်းကျင်မှုတို့ကို လိုအပ်သည်။ သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းခြင်းဖြင့် လူသားတို့အလိုရှိသောအရာ အားလုံးကို ပေးနိုင်စွမ်းရှိ၏။

နိုင်ငံတော်က လျှပ်စစ်ဓာတ်အားအပြည့်အဝရရှိရေး နိုင်ငံပိုင် ဓာတ်အားပေးစက်ကြီးများမှ လျှပ်စစ်ဓာတ်အားများ ထုတ်လွှတ် ပေးသကဲ့သို့ ပုဂ္ဂလိကပိုင်လျှပ်စစ်ဓာတ်အားပေးစက်မှတစ်ဆင့် ဝယ်ယူဖြန့်ဖြူးပေးလျက်ရှိရာ ကုန်ကျစရိတ်များကို နိုင်ငံတော်က အကုန်အကျခံဆောင်ရွက်ပေးလျက်ရှိသည်။ လျှပ်စစ်ဓာတ်အား သုံးစွဲသူပြည်သူများအနေဖြင့် မိမိသုံးစွဲသည့် ဓာတ်အားယူနစ် အတိုင်း လစဉ်မီတာကျသင့်ငွေများကို ပေးဆောင်ရန်လိုအပ်သည်။
ကျွန်ုပ်တို့နိုင်ငံတွင် သဘာဝပတ်ဝန်းကျင်လည်း မထိခိုက် စွမ်းအင်လည်းလုံလောက်စေမည့် ပြန်လည်ပြည့်မြဲစွမ်းအင်များ ထုတ်ယူနိုင်ရေး   ဝိုင်းဝန်းလုပ်ဆောင်ကူညီဆောင်ရွက်စေချင် ကြောင်း ။        ။






အခြားဆက်စပ်သတင်းများ