နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အီရန်အပေါ် အမေရိကန်နိုင်ငံ၏ ပိတ်ဆို့အရေးယူမှုများကို ပယ်ဖျက်သွားနိုင်မည်ဖြစ်ကြောင်း အီရန်သမ္မတ ပြောကြား

တီဟီရန်   မေ   ၁၄

အမေရိကန်နိုင်ငံ၏     အီရန်နိုင်ငံအပေါ်ဆောင်ရွက်သည့် စီးပွားရေးစစ်ပွဲကိုရင်ဆိုင်ရချိန်တွင် အီရန်ပြည်သူများအနေဖြင့် ကြံ့ကြံ့ခံနိုင်မှုကိုပြသခဲ့ပြီး အရေးယူပိတ်ဆို့မှုများကို တိုက်ဖျက်နေကြ ကြောင်း၊ အီရန်နိုင်ငံအစိုးရအနေဖြင့် အပြုသဘောဆောင်သည့် အပြန်အလှန်လှုပ်ရှားမှုများကို ခိုင်မြဲစွာဆောင်ရွက်သွားမည်ဖြစ်ပြီး အီရန်နိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုအားလုံးကို ပယ်ဖျက်သွားနိုင် မည်ဟု ယုံကြည်ကြောင်း အီရန်နိုင်ငံ သတင်းမီဒီယာ၏ဖော်ပြမှုတွင် အီရန်နိုင်ငံသမ္မတ Hassan Rouhani က ပြောကြားခဲ့သည်။

အီရန်နိုင်ငံသမ္မတ Hassan Rouhani က မေ ၁၂ ရက်၌ အစိုးရ အဖွဲ့အစည်းအဝေးကျင်းပပြုလုပ်ရာတွင် အမေရိကန်နိုင်ငံ၏ အီရန် နိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများကြောင့် အီရန်နိုင်ငံတွင် ကုန် ဈေးနှုန်းများမြင့်တက်လာခဲ့ပြီး ဆေးဝါးများမလုံလောက်မှုကြုံတွေ့ ခဲ့ရကြောင်း၊ အမေရိကန်နိုင်ငံ၏ ဆောင်ရွက်မှုများက အီရန်နိုင်ငံရှိ ဆင်းရဲနွမ်းပါးသူများအပေါ်ဖိနှိပ်မှုဖြစ်ပြီး အီရန်နိုင်ငံရှိ နာမကျန်းသူ များ၏ လူ့အခွင့်အရေးကို ချိုးဖောက်ရာရောက်ကြောင်း ပြောကြား ခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ဇူလိုင်လတွင် အီရန်နိုင်ငံက အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ရုရှား၊  တရုတ်နှင့် ဂျာမနီနိုင်ငံတို့နှင့်  အီရန် နျူကလီးယားအရေး သဘောတူညီမှုစာချုပ်ကို ချုပ်ဆိုခဲ့သည်။ သဘောတူညီမှုအရ အီရန်နိုင်ငံအနေဖြင့် ၎င်း၏ နျူကလီးယား အစီအစဉ်များကို ကန့်သတ်ရန်သဘောတူခဲ့ပြီး နိုင်ငံတကာအသိုင်း အဝိုင်းမှလည်း အီရန်နိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုအားပယ်ဖျက်ရန် သဘောတူခဲ့သည်။ ၂၀၁၈ ခုနှစ် မေလတွင် အမေရိကန်နိုင်ငံအစိုးရ သည် အီရန်နျူကလီးယားသဘောတူညီချက်မှ တစ်ဖက်သတ်နုတ်ထွက် ကြောင်း ကြေညာခဲ့ပြီး  အီရန်နိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများ           ပြန်လည်တိုးချဲ့ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ရဲခေါင် (Ref; Reuters)






အခြားဆက်စပ်သတင်းများ