နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကာဇန်မြို့ရှိ မူလတန်းကျောင်းပစ်ခတ်ခံရပြီးနောက် ရုရှားစာသင်ကျောင်းများအားလုံး လုံခြုံရေးတိုးမြှင့်

မော်စကို   မေ   ၁၄

ရုရှားနိုင်ငံ မော်စကိုမြို့တော် အရှေ့ဘက် ကီလိုမီတာ ၇၀ဝ ခန့် အကွာတွင်ရှိသည့် ကာဇန်မြို့တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက်           ရုရှားစာသင်ကျောင်းများအားလုံးကို လုံခြုံရေး တိုးမြှင့်လိုက်ကြောင်း အာဏာပိုင်တွေက မေ ၁၃ ရက်တွင် ပြောကြားသည်။  ရုရှားနိုင်ငံ ကာဇန်မြို့ရှိ မူလတန်းကျောင်းတွင် အင်္ဂါနေ့က သေနတ်သမား တစ်ယောက်၏ပစ်ခတ်မှုကြောင့် အနည်းဆုံးကျောင်းသား ၇ ယောက်၊ ဆရာ ၁ ယောက်နှင့် အလုပ်သမား ၁ ယောက်သေဆုံးခဲ့ကြောင်း မြို့တော်ဝန်ရုံးနှင့် တာဝန်ရှိသူများက ပြောသည်။

မွတ်ဆလင် အများစုရှိသည့် တာတာစတန်ဒေသတွင် ဖြစ်ပွားခဲ့ သည့် ပစ်ခတ်မှုအတွင်း ဒဏ်ရာရသူ ၂၁ ယောက်ကို ဆေးရုံပို့ခဲ့ရပြီး ယင်းတို့အနက် ဒဏ်ရာပြင်းထန်သူ ၆ ဦးအပါအဝင် ကလေး ၁၈ ယောက်လည်းပါဝင်ကြောင်း ကျန်းမာရေးဝန်ထမ်းများ ပြောသည်။ ရုရှားနိုင်ငံ၏ သတင်းဌာနတစ်ခုဖြစ်သော RIA ကမူ ဗီဒီယို မှတ်တမ်း အတွင်းပစ်ခတ်မှုဖြစ်ချိန်သည် အထပ် ၄ ထပ်ရှိသည့် မူလတန်း ကျောင်း၏ တတိယထပ်မှ ကလေး ၂ ယောက် ခုန်ချထွက်ပြေးပုံကို သတင်းတင်ဆက်ပြထားပြီး အခြားသော ရုရှားမီဒီယာများကလည်း ကျောင်းသားများအဆောက်အဦးထဲမှ  ထွက်ပြေးသည့်ပုံများကို ဖော်ပြခဲ့ကြသည်။
ရဲခေါင် (Ref; Reuters)






အခြားဆက်စပ်သတင်းများ