နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ထိုင်းနိုင်ငံ၌ အကျဉ်းထောင်အတွင်း အစုလိုက်အပြုံလိုက် COVID-19 ကူးစက်မှု စံချိန်တင်မြင့်တက်နေ

ဘန်ကောက်    မေ   ၁၄

ထိုင်းနိုင်ငံ၌ အကျဉ်းထောင်အတွင်း အစုလိုက်အပြုံလိုက် ရောဂါကူးစက်မှုဖြစ်ပွားပြီးနောက် မေ ၁၃ ရက်တွင် နေ့စဉ် COVID-19 ရောဂါအသစ်ဖြစ်ပွားမှု အမြင့်ဆုံးစံချိန်ဖြစ်ခဲ့ကြောင်း COVID-19 အခြေအနေ စီမံခန့်ခွဲမှုစင်တာ CCSA ၏ ထုတ်ပြန်ချက်အရသိရသည်။ ပြီးခဲ့သည့် ၂၄ နာရီအတွင်း နိုင်ငံအတွင်း ထပ်မံကူးစက်ခံရသူ ၄,၈၈၇ ဦး တွေ့ရှိခဲ့ပြီး ၂,၈၃၅ ဦးမှာ အကျဉ်းထောင်အတွင်းမှဖြစ်ပြီး ထပ်မံသေဆုံးသူ ၃၂ ဦးရှိခဲ့ကြောင်း CCSA မှ သိရသည်။ ဘန်ကောက်အထူးအကျဉ်းထောင်တွင် အကျဉ်းသား ၁,၇၉၅ ဦး နှင့် ဗဟိုအမျိုးသမီးများအကျဉ်းထောင်တွင် အကျဉ်းသား ၁,ဝ၄၀ဦး ကူးစက်ခံရကြောင်း   ဗုဒ္ဓဟူးနေ့တွင်   ထုတ်ပြန်ခဲ့ခြင်းနှင့်အတူ ဘန်ကောက်မြို့ရှိ အကျဉ်းထောင် ၂ ခု ၌ ကြာသပတေးနေ့တွင် အစုလိုက်အပြုံလိုက် ကူးစက်ခံရမှု အသစ်များဖြစ်ပွားခဲ့ကြောင်း အကျဉ်းဦးစီးဌာနက ထုတ်ပြန်ခဲ့သည်။ ကိုဗစ်တတိယလှိုင်း  မြို့တော် ဘန်ကောက်သို့ စတင်ပျံ့နှံ့ လာသည့်အချိန်မှစ၍ နိုင်ငံတွင်းရောဂါကူးစက်မှုများမြင့်တက်လာခဲ့ပြီး လက်ရှိအချိန်ထိ ကူးစက်ခံရသူ စုစုပေါင်း ၉၃,၇၉၄ ဦးရှိခဲ့ ကြောင်းနှင့် ဧပြီလဆန်းမှစ၍ သုံးဆပိုများလာကြောင်း သိရသည်။ ပြီးခဲ့သည့်နှစ် ကပ်ရောဂါစတင်ဖြစ်ပွားသည့် အချိန်မှစ၍ နိုင်ငံတွင်းသေဆုံးသူပေါင်း ၅၁၈ ဦးရှိကြောင်း CCSA ၏ ထုတ်ပြန်ချက်အရ သိရသည်။                      မျိုးဝင်း ( Ref ; Xinhua)






အခြားဆက်စပ်သတင်းများ