နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တဲလ်အဗစ်မြို့ကို ဒုံးကျည်အလုံး ၁၃၀ ပစ်ခတ်ပြီး အစ္စရေးလေကြောင်း တိုက်ခိုက်မှုအပေါ် ပါလက်စတိုင်းများ လက်တုံ့ပြန်

ဂျေရုဆလင်    မေ   ၁၄

အစ္စရေးနိုင်ငံရှိ မြို့တော် တဲလ်အဗစ်ကို ဒုံးကျည်အလုံးရေ ၁၃၀ နှင့်ပြန်လည်တိုက်ခိုက်ခြင်းဖြင့်  ပါလက်စတိုင်းစစ်သွေးကြွများ သည် ဂါဇာကမ်းမြောင်ဒေသရှိ အထပ်မြင့်တာဝါတစ်ခုကို အစ္စရေး လေကြောင်းဖြင့် လာရောက်တိုက်ခိုက်ခြင်းကို လက်တုံ့ပြန်ခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသရှိ အထပ်ပေါင်း ၁၃ ထပ်ပါရှိသည့် အဆောက် အအုံတစ်ခုကို အစ္စရေးက တစ်နာရီနီးပါးကြာ လေကြောင်းနှင့်ထိုးစစ် ဆင်ခဲ့ပြီး ယင်းအထပ်မြင့်တာဝါတွင် နေထိုင်သူများ သည် လက်ရှိတွင် အဆောက်အအုံကိုစွန့်ခွာပြီး ထွက်ပြေးနေကြရပြီဖြစ်သည်။
အစ္စရေးစစ်တပ်ကမူ ယင်းတို့သည် ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်းစစ်သွေးကြွများကိုသာ ဦးတည်တိုက်ခိုက်ခြင်းဖြစ်ပြီး အရပ်သားများကို လုံးဝပစ်မှတ်ထားခြင်းမရှိကြောင်း ပြောကြားထား သည်။ ပါလက်စတိုင်း အစ္စလာမ်ဘာသာဝင်များအတွက် အယ်လ်အစ် ဆာဗလီအဖြစ် သတ်မှတ်ထားသည့်နေရာဖြစ်သလို အစ္စရေး ဂျူး ဘာသာဝင်များက Temple Mount အဖြစ် အလေးအမြတ်ထားသည့် ဝတ်ကျောင်းနေရာတွင် ပါလက်စတိုင်းအရပ်သားများနှင့် အစ္စရေး ရဲတပ်ဖွဲ့ဝင်များ ထိပ်တိုက်တွေ့ခဲ့သည့်ဖြစ်စဉ်အပြီး ယခုကဲ့သို့ နောက် ဆက်တွဲ တင်းမားမှုများနှင့် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလာခဲ့ခြင်း ဖြစ်သည်။ လက်ရှိဖြစ်စဉ်များတွင် ပါလက်စတိုင်းနိုင်ငံသား ၂၈ ဦး၊ အစ္စရေးနိုင်ငံသားသုံးဦး အသက်ဆုံးရှုံးခဲ့ပြီး နိုင်ငံတကာအသိုင်းအဝိုင်း တွင်မူ နှစ်ဖက်စလုံးကို တည်ငြိမ်အေးချမ်းရေးအတွက် ရှေးရှုကြရန် အဆက်မပြတ်တိုက်တွန်းလျက်ရှိသည်။
   
       ရဲခေါင် (Ref; Reuters)






အခြားဆက်စပ်သတင်းများ