နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိန္ဒိယတွင် Covid ကြောင့် သေဆုံးသည့် ရုပ်အလောင်းများ မီးသင်္ဂြိုဟ်ဖို့မစောင့်ဘဲ ဂင်္ဂါမြစ်တွင်းမျှောချမှုများ ထိန်းချုပ်ရန်ခက်နေ

နယူးဒေလီ   မေ   ၁၄

အိန္ဒိယနိုင်ငံတွင် Covid လူနာများသေဆုံးမှုမှာ အဆမတန် မြင့်တက်လာသည့်အတွက် အလောင်းများကို မီးသင်္ဂြိုဟ်ရန် မစောင့် ဆိုင်းနိုင်တော့ဘဲ ဂင်္ဂါမြစ်အတွင်း ရေမျှောပြီး သင်္ဂြိုဟ်မှုများရှိလာကာ ယင်းကို ထိန်းချုပ်ရန် ခက်ခဲလာကြောင်း ဒေသတွင်းအာဏာပိုင်များက ပြောသည်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု တစ်နေ့တခြားများပြားလာ သည့် အိန္ဒိယတွင် မီးသင်္ဂြိုဟ်သူများအနေဖြင့်လည်း မနိုင်ဝန်ထမ်း ရခြင်းမျိုးဖြစ်လာကာ သင်္ဂြိုဟ်ရမည့်အလောင်းများ တန်းစီထားရ သည့် အနေအထားဖြစ်လာသည်။
 
ယင်းကို ကျန်ရစ်သူမိသားစုဝင်များက သဘောမကျခြင်းကြောင့် ဂင်္ဂါမြစ်အတွင်းသို့ အလောင်းရေမျှောပြီး သင်္ဂြိုဟ်ခြင်းဖြစ်ကြောင်း သိရသည်။ အိန္ဒိယနိုင်ငံတွင်  ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် သေဆုံးရသူအရေအတွက်မှာ လူသုံးယောက်လျှင် တစ်ယောက်နှုန်း ဖြစ်လာနေပြီး အိန္ဒိယနိုင်ငံကို ကမ္ဘာတစ်ဝန်းမှ အောက်ဆီဂျင်အိုးများ နှင့်လိုအပ်သည့် ဆေးဝါးအထောက်အပံ့များ အဆက်မပြတ်ပံ့ပိုးကူညီ နေသော်လည်း အိန္ဒိယ၏ ကျန်းမာရေးစနစ်မှာ ဆိုးဆိုးရွားရွားပြိုလဲ နေပြီဖြစ်ကြောင်း မီဒီယာများက ဝိုင်းဝန်းရေးသားဖော်ပြကြသည်။

ပြီးခဲ့သည့်ရက်ပိုင်းက အူတာပရာဒက်ရှ်ပြည်နယ်၊ ဂါမားမြို့ကို ဖြတ်သန်းစီးဆင်းသည့် ဂင်္ဂါမြစ်အောက်ခြေမှ အလောင်း ၅၀ ရှာဖွေ ရရှိခဲ့ပြီး တစ်နေ့တည်းမှာပင် မြစ်အတွင်းမှ ဆယ်ယူရရှိသည့်အလောင်း အရေအတွက် လေးဆယ်ကျော်ရှိခဲ့သည်။ အလားတူ ဘီဟာပြည်နယ် တွင်လည်း  မြစ်ကမ်းအနီးနေထိုင်သော ဒေသခံများက အပုပ်နံ့ရ၍ လာရောက်သတင်းပေးပို့သည့်အတွက် ရဲတပ်ဖွဲ့ က စစ်ဆေးရာတွင် မြစ်အတွင်းမှ အလောင်းများရရှိခဲ့ပြီး လက်ရှိတွင် ဆယ်ယူရရှိသည့် အလောင်းများကို    မြေမြှုပ်သင်္ဂြိုဟ်လိုက်ပြီဖြစ် ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
 ရဲခေါင် (Ref; CNA)






အခြားဆက်စပ်သတင်းများ