နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ်နိုင်ငံတွင် တောမီးကြား ပိတ်မိနေသည့် မီးသတ်သမား ၁၈ ဦးနှင့် လမ်းပြတစ်ဦး သေဆုံး

တရုတ်နိုင်ငံ စီချွမ်ပြည်နယ်တွင် တောမီးလောင်ကျွမ်းမှုကို ငြှိမ်းသတ်နေစဉ် မီးသတ်သမား ၁၈ဦး နှင့် လမ်းပြတစ်ဦး သေဆုံးခဲ့သည်ဟု Xinhua သတင်းဌာနက ဖော်ပြသည်။ ပြီးခဲ့သည့် အင်္ဂါနေ့ နံနက်ပိုင်းက လေလမ်းကြောင်း ရုတ်တရက်ပြောင်းလဲသွားခြင်းကြောင့် မီးသတ်သမားများနှင့် လမ်းပြဖြစ်သူ ပိတ်မိခဲ့ခြင်းဖြစ်သည်။ လင်ရှန်းစီရင်စုတွင် လောင်ကျွမ်းခဲ့သည့် တောမီးမှာ လက်ရှိအချိန်တွင် ဟက်တာဧက ၁၀၀၀ အထိ ကူးစက်ပျံ့နှံ့လျက်ရှိသည်။ တောမီးလောင်ကျွမ်းရာဒေသကို မီးသတ်သမားနှင့် ကယ်ဆယ်ရေးလုပ်သား ၂၀၀၀ ကျော် ပေးပို့ထားပြီး လူ ၁၂၀၀ ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးနိုင်ခဲ့သည်။ ပြီးခဲ့သည့်တနင်္လာနေ့ ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီအချိန်က ယာတောတစ်ခုတွင် မီးစတင်လောင်ကျွမ်းခဲ့ပြီး လေပြင်းတိုက်ခတ်ခဲ့ခြင်းကြောင့် အနီးနားရှိ တောင်တန်းများဆီ မီးကူးစက် ပျံ့နှံ့သွားခဲ့ခြင်းဖြစ်သည်။ လွန်ခဲ့သည့်နှစ်ကလည်း လင်ရှန်းစီရင်စုမှာ တောမီးအကြီးအကျယ် လောင်ကျွမ်းခဲ့ခြင်းကြောင့် မီးသတ်သမား ၃၀ သေဆုံးခဲ့သည်။ Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ