နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ထိပ်သီးအစည်းအဝေးပွဲမတိုင်မီ မြောက်ကိုရီးယားကို အရေးယူရမည်ဟု တောင်ကိုရီးယား သမ္မတ ဆို

ဆိုးလ်    မေ   ၁၃

ကိုရီးယားကျွန်းဆွယ် ထာဝရငြိမ်းချမ်းရေးရရှိရန် နောက်ဆုံး အခွင့်အရေးဖြစ်သည့် လက်ရှိအချိန်သည် မြောက်ကိုရီးယားအပေါ် အချိန်ကာလတစ်ခုကြာ တွေးတောဆင်ခြင်မှုများကို အဆုံးသတ်ကာ အရေးယူရမည့်အချိန်ဖြစ်ကြောင်း     တောင်ကိုရီးယားသမ္မတ မွန်ဂျေးအင်က ပြောသည်။ လာမည့် မေ ၂၁ ရက်တွင် ဝါရှင်တန်၌ ပြုလုပ်မည့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် ပထမအကြိမ် ထိပ်သီး ဆွေးနွေးပွဲမတိုင်မီ မွန်ဂျေးအင်က ယင်း၏ သမ္မတသက်တမ်း လေးနှစ် ပြည့်အထိမ်းအမှတ် မိန့်ခွန်းပြောကြားရာတွင် မြောက်ကိုရီးယားနှင့် ပတ်သက်၍ မှတ်ချက်ပြုပြောဆိုခဲ့ခြင်းဖြစ်သည်။

တောင်ကိုရီးယားသမ္မတ မွန်ဂျေးအင်အနေဖြင့် ယင်း၏ သမ္မတ အဖြစ် နောက်ဆုံးတာဝန်ထမ်းဆောင်သည့်နှစ်ကို မြောက်ကိုရီးယား နှင့်ထာဝရငြိမ်းချမ်းရေးရရှိရန် နောက်ဆုံးအခွင့်အရေးအဖြစ် လက်ခံ ထားသည်ဟု  ထုတ်ဖော်ပြောဆိုလိုက်ပြီး  မြောက်ကိုရီးယား၏ နျူကလီးယားနှင့် ဒုံးပျံအစီအစဉ်များအပေါ် ဆွေးနွေးပွဲများရပ်တန့် နေချိန်တွင် အရေးယူမှုများ ပြုလုပ်ရမည်ဖြစ်ကြောင်း ပြောဆို လိုက်သည်။

သမ္မတဂျိုးဘိုင်ဒင်သည် မြောက်ကိုရီးယားအရေးကို ထိပ်တန်းဦးစားပေးအဖြစ်လုပ်ဆောင်ရန် စိတ်ဝင်စားမှုအနည်းငယ် သာ ပြသသော်လည်း မြောက်ကိုရီးယားနှင့် ထိတွေ့ဆက်ဆံမှုပြုရန် တောင်ကိုရီးယားသမ္မတက အမေရိကန်ကို တွန်းအားပေးလျက်ရှိနေ သည်။ မြောက်ကိုရီးယား၏ နျူကလီးယားအစီအစဉ်စွန့်လွှတ်ရေး အတွက် ရည်မှန်းချက်အောင်မြင်ရန် အမေရိကန်အနေဖြင့် သံတမန် ရေးရာ နည်းလမ်းအသုံးပြုကာ ချဉ်းကပ်သည့်မူဝါဒကို မကြာသေးမီ က ပြန်လည်သုံးသပ်ခဲ့ပြီး ယင်းသို့ ချဉ်းကပ်မှုကို မြောက်ကိုရီးယားက ပြန်လည်တုံ့ပြန်ခြင်းမရှိသေးကြောင်း အမေရိကန်အစိုးရက ပြောဆို ထားသည်။                                                        ရဲခေါင် (Ref;Reuters)






အခြားဆက်စပ်သတင်းများ