နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပိုက်လိုင်းပိတ်ထားမှုကြောင့် အမေရိကန်တွင် ရေနံဈေးမြင့်တက်

နယူးယောက်   မေ   ၁၃

အမေရိကန်နိုင်ငံ၏  အဓိက လောင်စာဆီပိုက်လိုင်းစနစ် အဆင့်မြှင့်တင်လိုက်ပြီးနောက် ရေနံဈေးနှုန်းသည် မေ ၁၁ ရက်မှ စတင်၍ မြင့်မားလျက်ရှိကြောင်း သိရသည်။ New York Mercantile Exchange တွင် West Texas Intermediate ရေနံဈေးနှုန်းမှာ ဇွန်လ တင်ပို့မှုအတွက် တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၃၆ ဆင့်မြင့် တက်ကာ ၆၅ ဒသမ ၂၈ ဒေါ်လာရှိခဲ့ကြောင်း၊ London ICE Futures Exchange တွင် ဘရန့်ရေနံစိမ်း (Brent crude) မှာမူ ဇူလိုင်လတင်ပို့မှု အတွက် တစ်စည်လျှင် ၂၃ ဆင့်မြင့်တက်၍ ၆၈ ဒသမ ၅၅ ဒေါ်လာ နီးပါးရှိခဲ့ကြောင်း သိရသည်။

ဆိုက်ဘာတိုက်ခိုက်မှုကြောင့် ပိတ်ထားရသော အမေရိကန် အဓိကရေနံလောင်စာဆီပိုက်လိုင်း တစ်လိုင်းကိုလုပ်ငန်းဆောင်ရွက် သူ Colonial Pipeline ကုမ္ပဏီက လုပ်ငန်း ဆောင်ရွက်မှုများ ပြန်လည် လုပ်ဆောင်နေပြီဖြစ်ကြောင်း မေ ၁၁ ရက်က ပြောကြားခဲ့သည်။

 အမေရိကန်နိုင်ငံ အရှေ့ပိုင်း နှင့် အရှေ့တောင်ပိုင်းရှိ ဒေသများသို့ ဓာတ်ဆီနှင့် ဒီဇယ်များ ပို့လွှတ်နေသော ပိုက်လိုင်းလုပ်ငန်းဆောင်ရွက် သူက ယခုသီတင်းပတ်ကုန်အထိ လုပ်ငန်းဆောင်ရွက်မှုများ ပုံမှန် ပြန်ဖြစ်လာစေရန် ရည်ရွယ်ထားကြောင်းနှင့်  လုပ်ငန်းပြန်လည် စတင်ရေးလွယ်ကူစေရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ကုမ္ပဏီအနေဖြင့်   မေ ၇ ရက်က  ransomware အပါအဝင် ဆိုက်ဘာလုံခြုံရေး တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် အဆိုပါ ပိုက်လိုင်း လုပ်ငန်းများအားလုံး ယာယီရပ်နားခဲ့ရကြောင်း သိရသည်။

 ရဲခေါင် (Ref;BBC)






အခြားဆက်စပ်သတင်းများ