နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဖိလစ်ပိုင်နိုင်ငံတွင် အာဖရိကဝက်အပြင်းဖျားရောဂါကြောင့် ဘေးအန္တရာယ်သင့်နေ

မနီလာ   မေ   ၁၃

ဖိလစ်ပိုင်နိုင်ငံအတွင်း     အာဖရိကဝက်အပြင်းဖျားရောဂါ ဖြစ်ပွားမှုအခြေအနေသည်  ဆက်လက်ပြန့်ပွားလာသောကြောင့် တစ်နိုင်ငံလုံး ကပ်ဘေးတစ်ခုကို ထပ်မံခံစားလာနိုင်ဖွယ်ရှိကြောင်း အာဏာပိုင်များက ထုတ်ပြန်ကြေညာသည်။ ဖိလစ်ပိုင်နိုင်ငံတွင် ၂၀၁၉ ခုနှစ်မှစတင်၍ အာဖရိကဝက်အပြင်းဖျားရောဂါ စတင်ပြန့်ပွား လာခဲ့ပြီး လက်ရှိချိန်တွင် နိုင်ငံအတွင်းရှိ နေရာအများစုသို့ ပျံ့နှံ့နေ လျက်ရှိသည်။
 
အာဖရိကဝက်အပြင်းဖျားရောဂါသည် African Swine fever virus – ASFV မှ ကူးစက်ခံရသော ရောဂါတစ်မျိုးဖြစ်ပြီး ကူးစက်ခံရပြီး နောက်တွင် ပြင်းထန်သည့် သွေးထွက်မှုနှင့် ကူးစက်မှုဖြစ်ပွားစေသော ဝက်ရောဂါတစ်မျိုးဖြစ်ကြောင်း၊ ကူးစက်ခံရပြီးနောက်တွင် အပူချိန် မြင့်တက်ခြင်း၊ ကိုယ်တွင်းအင်္ဂါများ ဆိုးရွားစွာသွေးထွက်ခြင်းတို့ဖြင့်      သေဆုံးမှုမြင့်မားသည့် ရောဂါလက္ခဏာများကို တွေ့ရှိနိုင်ကြောင်း၊ အာဖရိကဝက်အပြင်းဖျားရောဂါသည်  လူနှင့်တိရစ္ဆာန်များအတူ ဖြစ်ပွားသည့် ရောဂါမျိုးမဟုတ်ဘဲ လူသားများတွင် ယင်းရောဂါပိုး မကူးစက်နိုင်ကြောင်း သိရသည်။

အစိုးရအနေဖြင့် အသုံးပြုနိုင်သော အရင်းအမြစ်အားလုံးကို အသုံးချပြီး ဖိလစ်ပိုင်နိုင်ငံတွင် အာဖရိကဝက်အပြင်းဖျားရောဂါ ရှေ့ဆက်မပျံ့သွားအောင်  ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဝက် အသားထုတ်လုပ်မှုလုပ်ငန်းများအတွက် အာမခံချက်ပေးအပ်သွား မည်ဖြစ်ပြီး ဝက်မွေးမြူရေးလုပ်ငန်းများ အခက်အခဲကျော်ဖြတ်နိုင် အောင်ကူညီပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အာဖရိက ဝက်အပြင်းဖျားရောဂါကြောင့် ဖိလစ်ပိုင်နိုင်ငံတွင် ဝက်သားဈေးနှုန်း အလွန်လျင်မြန်စွာမြင့်တက်လာခဲ့ပြီး အစိုးရအနေဖြင့် မဖြစ်မနေ ပြည်ပမှ ဝက်သားထုတ်ကုန်များတင်သွင်းမှုကို ဆောင်ရွက်ပေးခဲ့ရ ကြောင်း သိရှိရသည်။
ရဲခေါင် (Ref;Reuters)






အခြားဆက်စပ်သတင်းများ