မော်လမြိုင်၊ မေ ၁၈
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ စျေးကြိုရပ်ကွက် တောင်ဝိုင်းရပ်ရှိ မော်လမြိုင်တက္ကသိုလ် (၁ဝ)မြို့နယ်ဆောင် ရှိ ကျောင်းသားဆောင်များတွင် ဖွင့်လှစ်ထားရှိသည့် Community Based Facility Quarantine (သီးခြား အဆောက်အအုံတွင် နေထိုင်စောင့်ကြည့်မှု) စခန်းသို့ မေ ၁၈ ရက် နံနက် ၅ နာရီ ၄၅ မိနစ်က ကရင်ပြည်နယ် မြဝတီမြို့မှတစ်ဆင့် ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူများသည် ရွှေဟင်္သာယာဉ်လိုင်းမှ မှန်လုံယာဉ် အမှတ်၊ ၅B/----ဖြင့် ရောက်ရှိလာခဲ့ကြောင်း၊ ယင်းသို့ရောက်ရှိလာခဲ့ရာ မော်လမြိုင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝေလင်းထွန်းနှင့် တာဝန်ရှိသူများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်များက လက်ခံ စစ်ဆေးဆောင်ရွက်ခဲ့စဉ်။
ကျော်ဆန်းမြင့်(ပြန်/ဆက်)