နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒေါသစိတ်ကလေး ထိန်းချုပ်နည်း

ဒေါသနဲ့မကင်းနိုင်တဲ့ သူတွေမို့ အကြောင်းမညီညွတ်တဲ့အခါ “ဒေါသ” ထွက်တတ်ကြတာ ဓမ္မတာပါ။ အချို့သူတွေက မွေးရာပါ ပင်ကိုယ်စိတ်နေသဘောထားအရ၊ သည်းခံနိုင်စိတ်ရှိတာကြောင့် တော်ရုံ တန်ရုံနဲ့ ဒေါသမထွက်တတ်ကြသော်လည်း၊ တချို့ကတော့ မိမိစိတ်ကို မထိန်းနိုင်ဘဲ ထစ်ကနဲရှိ ဒေါသကြီးကြပါတယ်။

ဒေါသထွက်စရာ ကြုံလာတဲ့အခါ  မိမိ အသက်ရှူသံကို မိမိကိုယ်တိုင် ပြန်ကြားရတဲ့အထိ အသက်ခပ်ပြင်းပြင်း ရှူလိုက်ပါ။  အဲဒီလိုအသက် ပြင်းပြင်းရှူနေချိန်မှာ ဒေါသဖြစ်စေတဲ့ ကိစ္စကြီးကို (လုံး၀) မတွေးပါနဲ့။ ပြီးရင် မျက်လုံးမှိတ်ပြီး ရင်ခေါင်းနှင့် ၀မ်းဗိုက်ကြားက ကြွက်သားစိုင် တွေ နိမ့်ချီ/မြင့်ချီ လှုပ်ရှားလာသည်အထိ လေရှူရှိုက်ပါ။ အဲဒီလို ရှူရှိုက်နေစဉ် “စိတ်လျှော့…စိတ်လျှော့” ဟူ၍ မိမိဘာသာ တိုးတိုးလေး ရေရွတ်ပါ။
(ဒေါသစိတ်ပြေလျော့သွားတဲ့အထိ အမှတ်စဉ်(၁) မှ (၄) အတိုင်း ထပ်ခါထပ်ခါပြုမူပါ)။ ဒေါသထွက်ခြင်းက (က) အာရုံခံ နာ့ဗ်ကြောတွေကို ထိခိုက်စေပါတယ်။ (ခ) စိတ်ဖိစီးမှုဖြစ်စေပါတယ်။ (ဂ) နှလုံးသွေးလွှတ် ကြောတွေကို ကမောက်ကမဖြစ်စေပါတယ်။ (ဃ) သွေးတိုး/သွေးတက် စေပါတယ်။ (င) ရုပ်ရင့် အရွယ်ကျစေပါတယ်။ (စ) ရံဖန်ရံခါ ခြေလွန်လက်လွန်ဖြစ်ပြီး၊ တရားဥပဒေနှင့် ငြိစွန်း တတ် ပါတယ်။ (ဆ) ချစ်သူခင်သူလျော့ပါးကာ၊ အထီးကျန် လာတတ် ပါတယ်။ (ဇ) ဒေါသစိတ်အဟုန် ကြောင့် သတိလစ်/လေဖြတ် စေနိုင် ပါတယ်။ (စျ) အသက်တိုစေပါတယ်။ (ည) အခန့်မသင့်ရင် ဦးနှောက် သွေးကြောပြတ် သေစေနိုင်ပါတယ်။ အကယ်၍များ ဒေါသကြီး လွန်းတာကြောင့် ဦးနှောက်သွေးကြောပြတ် သေသွားပြီဆိုပါစို့။ ထိုဒေါသ အကုသိုလ်စိတ်ကြောင့် ချက်ချင်း အပါယ်ငရဲ ကျတတ်ပါတယ်။ ထို့ကြောင့် လောကီလောကုတ္တရာ နှစ်ဖြာအတွက် အကျိုးနည်းလှတဲ့ ထိုဒေါသစိတ်ကို သည်းခံစိတ် အသွင်ပြောင်း ယူနိုင်အောင် အခါ အားလျော်စွာ တရားနာပေးသင့်ပါတယ်။ နေ့စဉ် အနည်းဆုံး မိနစ် ၃၀ ခန့်တရားထိုင်၊ တရားမှတ်ပေး ခြင်းက စိတ်ငြိမ်းအေးစေတဲ့ စိတ်လေ့ကျင့်ခန်းတစ်မျိုးပါ။

အရာရာမှာ သည်းခံစိတ်ကလေးထားကာ ကိုယ်စိတ်နှစ်ပါးကို ထိန်းသိမ်းစောင့်ရှောက်ရင်း ၃၈ ဖြာ မင်္ဂလာတရားတော်နှင့်အညီ ကျင့်ကြံသွားနိုင်ရင်ဖြင့် ဒေါသစိတ်ကို ထိန်းချုပ်နိုင်တော့မည် ဖြစ်ပါ ကြောင်း အကြံပြုလိုက်ရပါတယ်။






အခြားဆက်စပ်သတင်းများ