နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Colonial လောင်စာကုမ္ပဏီပြဿနာကြောင့် အမေရိကန်လေဆိပ်များတွင် လောင်စာအခက်အခဲဖြစ်ပေါ်

ဟူစတန်    မေ   ၁၂

ဆိုက်ဘာတိုက်ခိုက်ခံရမှုများကြောင့်  Colonial လောင်စာ ကုမ္ပဏီ၏ ပိုက်လိုင်းများကို ရက်ပိုင်းပိတ်ပင်ခဲ့ရမှုများရှိခဲ့ကာ ယင်း အခက်အခဲများကြောင့် အမေရိကန်လေဆိပ်များတွင် လောင်စာ အခက်အခဲဖြစ်ပေါ်ခဲ့သည်။ လူဦးရေထူထပ်သည့် အမေရိကန် အရှေ့ပိုင်း ပြည်နယ်များထံပေးပို့နေသည့် အလွန်အရေးပါသော လောင်စာကွန်ရက်ကို ကုမ္ပဏီကပိတ်ပစ်ခဲ့ရသည့် ဆိုက်ဘာတိုက်ခိုက် ခံရမှု ပြန်လည်ကောင်းမွန် လာစေရေးအတွက် ပိုက်လိုင်းကုမ္ပဏီကို ကူညီရန် အမေရိကန်အစိုးရ တာဝန်ရှိသူများသည် မေ ၉ ရက်တွင် လောင်စာပိုက်လိုင်းကုမ္ပဏီ Colonial နှင့် အနီးကပ်ဆောင်ရွက်ခဲ့ ကြသည်။

Colonial ကုမ္ပဏီ၏ ပိုက်လိုင်းကွန်ရက်သည် ကမ္ဘာပေါ်တွင် ခရီးသည်တင်လေယာဉ်များ အတက်အဆင်းအများဆုံး ပြုလုပ်နေ သည့် အတ္တလန္တာ၏  ဟတ်ဖီးလ်ဂျက်ဆင်လေဆိပ်အပါအဝင် အမေရိကန်လေဆိပ်ကြီးများကို   ဝန်ဆောင်မှုပေးနေခြင်းဖြစ်ပြီး     ပိုက်လိုင်းဆက်လက်ပိတ်ထားမည်ဆိုပါက ဒေသတွင်း လောင်စာ ထောက်ပံ့မှုများကို သက်ရောက်နိုင်သည်ဟု ပညာရှင်များက ပြော သည်။ ပိုက်လိုင်းကို ရက်မည်မျှကြာသည်အထိ ပိတ်ထားမည် ဆိုသည်မှာ ဟက်ကာများက Colonial ကွန်ရက်ကို မည်မျှ နက်နက် ရှိုင်းရှိုင်းထိုးဖောက်ခဲ့သည်ဆိုသည့်အချက်အပေါ် မူတည်နေပြီး မကြာမီဆိုက်ဘာလုံခြုံရေးပညာရှင်များက    ဗိုင်းရပ်စ်ဆော့ဝဲကို               ရှင်းထုတ်ပစ်နိုင်မှုအပေါ်တွင်လည်း  မူတည်နေသည်ဟုဆိုသည်။

ယခုဆိုက်ဘာတိုက်ခိုက်မှုသည် အနှောင့်အယှက်အဖြစ်ရဆုံး အကျပ်ကိုင်မှုတစ်ခုဖြစ်၍ အရေးကြီးသော အမေရိကန်စွမ်းအင် လုပ်ငန်းများကို ဟက်ကာများရန်မှ တင်းတင်းကျပ်ကျပ် အကာ အကွယ်ပေးရန် အမေရိကန်အမတ်များ၏ တောင်းဆိုမှုများ ချက်ချင်း ထွက်ပေါ်လာခဲ့သည်။                                        မျိုးဝင်း (Ref;AFP)






အခြားဆက်စပ်သတင်းများ