နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လက်တင်အမေရိကမှ ဥရောပသမဂ္ဂအထိ မူးယစ်ဆေးဝါးများ တင်သွင်းသည့် ဗြိတိန်မှ အလိုအရှိဆုံးဝရမ်းပြေးအား ဒူဘိုင်းတွင် ဖမ်းမိ

ဒူဘိုင်း   မေ   ၁၂

လက်တင်အမေရိကမှ ဥရောပသမဂ္ဂအထိ မူးယစ်ဆေးဝါးများ တင်သွင်းသည့် ဗြိတိန်မှအလိုအရှိဆုံးဝရမ်းပြေးအား ဒူဘိုင်းတွင် ဖမ်းမိပြီဖြစ်ကြောင်း အာဏာပိုင်များက ကြေညာလိုက်သည်။ ကိုကင်း ပမာဏအများအပြားကို တရားမဝင်သယ်ဆောင်ရန်ကြံစည်မှုတွင် ပါဝင်သည်ဟု သံသယရှိသော ဗြိတိန်နိုင်ငံ၏ အလိုအရှိဆုံးဝရမ်းပြေး တစ်ဦးဖြစ်သည့် အသက် ၃၅ နှစ်အရွယ် မိုက်ကယ်ပေါမူဂန်းကို ဒူဘိုင်းမြို့တွင် ဖမ်းဆီးရမိခဲ့သည်ဟု အာဏာပိုင်များက ပြောကြားခဲ့ သည်။

မူးယစ် ဆေးဝါး တရားမဝင် ကုန်သွယ်သူများနှင့် မူးယစ်ဂိုဏ်းများ အကြားတွေ့ဆုံ၍ အစည်းအဝေးပြုလုပ်လေ့ရှိသည်ဟု သံသယ ရှိသော ရော့တာဒမ်ကော်ဖီဆိုင်ကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းချိန်မှ စ၍ လီဗာပူးမြို့တွင်နေထိုင်သည့် မူဂန်းသည် ရှစ်နှစ်ကြာထွက်ပြေး တိမ်းရှောင်နေခဲ့သည်။ ယင်းကော်ဖီဆိုင်သည် သီတင်းအပတ်စဉ်တိုင်း ဗြိတိန်နိုင်ငံတွင်းသို့ ကိုကင်းရာနှင့်ချီသည့် ကီလိုပေါင်းများစွာကို သယ်ဆောင်ရန်လျှို့ဝှက်ကြံစည်မှု၏ အဓိကဗဟိုချက်နေရာဖြစ် သည်ဟု ဒူဘိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။
မူဂန်းသည် ရဲတပ်ဖွဲ့၏ ဖမ်းဆီးမှုမှ လွတ်မြောက်နိုင်ရန်အတွက် ကွဲပြားခြားနားသည့် မှတ်ပုံတင်များကိုအသုံးပြုခဲ့ပြီး နိုင်ငံသားခံယူမှု နှင့် ၎င်း၏အမည်ကို လိမ်ညာကာ ယူအေအီးနိုင်ငံတွင်းသို့ ဝင်ရောက်ခဲ့ သည်။ ယင်းအနေဖြင့် ဗြိတိန်သို့ပြန်ပြီး တရားရင်ဆိုင်ရမည်ဖြစ်သည်။

ရဲခေါင် (Ref;AFP)






အခြားဆက်စပ်သတင်းများ