နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ်နှင့်ပြုလုပ်မည့် ကုန်သွယ်ရေးသဘောတူညီချက် EU ဆိုင်းငံ့

ဘရပ်ဆဲလ်   မေ   ၁၂

တရုတ်နိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်များ ကြောင့် ဥရောပ သမဂ္ဂ လွှတ်တော်အမတ်များအနေဖြင့် အတည်ပြု ပေးရန် ကြန့်ကြာနေရသော ကုန်သွယ်ရေးသဘောတူညီချက်ကို လျင်မြန်စွာ အတည်ပြုပေးရေး ဥရောပနှင့် တရုတ် ခေါင်းဆောင်များက တိုက်တွန်းနေကြောင်း သိရသည်။ ဥရောပသမဂ္ဂ တရုတ်ရင်းနှီးမြှုပ်နှံ မှုဆိုင်ရာ အလုံးစုံသဘောတူညီချက် CAI ကို ၇ နှစ်ကြာဆွေးနွေး ညှိနှိုင်းခဲ့ကြပြီး ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၃၀ ရက်နေ့မှာ EU နဲ့ တရုတ်ခေါင်းဆောင်တွေကြား အွန်လိုင်းမှတစ်ဆင့် ထိပ်သီးတွေ့ဆုံ ပြီးနောက် မူအားဖြင့် သဘောတူထားခြင်းဖြစ်သည်။

အဆိုပါ သဘောတူညီချက်သည် တရုတ်အနေဖြင့် ကြားခံအဖွဲ့ အစည်းတစ်ခုနှင့်ဆွေးနွေးသည့် ရည်မှန်းချက်အကြီးဆုံး ကုန်သွယ် ရေးသဘောတူညီချက်ဖြစ်ကြောင်း ဥရောပဘက်က ပြောသည်။ သို့ရာတွင် တရုတ်နှင့်ကုန်သွယ်ရေးသဘောတူညီချက်ကို ဥရောပ ပါလီမန်တွင် လွှတ်တော်အမတ်များက အတည်ပြုပေးရမည့် အရေးမှာမူ ရပ်ဆိုင်းနေကြောင်း ပြီးခဲ့သည့် ရက်ပိုင်းက ဥရောပ ကော်မရှင်ဒုဥက္ကဋ္ဌ Valdis Dombrovskis က ပြောသည်။ ဥရောပ သမဂ္ဂနှင့် တရုတ်ကြားကုန်သွယ်ရေး သဘောတူညီချက်ကြောင့် ဂျာမနီကားထုတ်လုပ်ရေးလုပ်ငန်းတွေ အကျိုးရှိနိုင်ကြောင်း သုံးသပ် သူများကပြောထားပြီး ဂျာမနီကား ထုတ်လုပ်ရေးလုပ်ငန်းများအနေ ဖြင့် တရုတ်နိုင်ငံအတွင်း အခြေစိုက်ကာ လျှပ်စစ်ကားထုတ်လုပ်  ရောင်းချမှုတိုးမြှင့်နိုင်ရန် ကြိုးစားနေကြခြင်းဖြစ်ကြောင်း သိရသည်။

ရဲခေါင် (Ref;Reuters)






အခြားဆက်စပ်သတင်းများ