ရန်ကုန် မေ ၁၈
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းသည် ယနေ့ နံနက် ၈ နာရီက ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ မြို့တော်ဝန် ၊ဒုတိယဥက္ကဌ (ဒုတိယမြို့တော်ဝန်)၊ ကော်မတီဝင်များ၊ တာဝန်ရှိသူများ နှင့် ရန်ကုန်မြို့တော်ခန်းမ အစည်းအဝေး ခန်းမကြီး ၌ တွေ့ဆုံကြသည်။
အစည်းအဝေး တွင် ရန်ကုန်တိုင်း ဝန်ကြီးချုပ်က ကော်မတီဝင်များအား မြို့နယ်များဖွံ့ဖြိုး တိုးတက်ရေးနှင့် ပတ်သက်ပြီး ကြိုးစားဆောင်ရွက်ရန်၊ စက်ရုံ၊ အလုပ်ရုံများ ပြန်လည်ပတ်နိုင်ရေး၊ ဈေးများစနစ်တကျ သတ်မှတ်ချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ရန်၊ ပလက်ဖောင်းများ၊ မီးတိုင်များ သတ်မှတ်ကာလအတွင်း အမြန်ဆုံးပြီးပြတ်အောင် ဆောင်ရွက်ရေး၊ မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနများ၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန် လမ်းညွှန် မှာကြားခဲ့ကြောင်းသိရသည်။
ကျော်သူထက်