နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆိုက်ဘာတိုက်ခိုက်ခံရသည့် အမေရိကန်ပိုက်လိုင်းနှင့်ပတ်သက်၍ အိမ်ဖြူတော်မှ အရေးပေါ်အခြေအနေကြေညာ

ဟူစတန်    မေ   ၁၁

အမေရိကန်နိုင်ငံ၌ အကြီးဆုံးပိုက်လိုင်းတစ်လိုင်း ပိတ်ထားရခြင်း ကြောင့် ပြည်နယ် ၁၇ ခုနှင့် Columbia ခရိုင်တို့တွင်အရေးပေါ် အခြေအနေကြေညာချက်တစ်ခုကို  အိမ်ဖြူတော်က  ကြေညာခဲ့ သည်။ အိမ်ဖြူတော်၏ အရေးပေါ်ကြေညာချက်တွင် အမေရိကန် နိုင်ငံသယ်ယူပို့ဆောင်ရေးဌာနအနေဖြင့်သန့်စင်ပြီး ရေနံထုတ်ကုန် များ လိုအပ်ချက်ကြုံတွေ့နေရသောနေရာများသို့  ကူညီထောက်ပံ့ ပေးနေသည့် မော်တော်ယာဉ်မောင်းနှင်သယ်ဆောင်သူများအတွက် ကန့်သတ်ချက်များကို ကင်းလွတ်ခွင့်ပြုထားသည်။

 Colonial ပိုက်လိုင်း လည်ပတ်မှုအဖွဲ့အနေဖြင့် လုပ်ငန်းပြန်လည် စတင်နိုင်ရန် စနစ်ကို မြှင့်တင်မှုများ လုပ်နေကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ လက်ရှိ အဓိကပိုက်လိုင်းများ ပိတ်ထားရချိန်တွင် အခြေစိုက်စခန်းများနှင့် ပို့လွှတ်အမှတ်များအကြား အချို့သော ပိုက်လိုင်းငယ်များသာ လုပ်ငန်းလည်ပတ်နေနိုင်သေးကြောင်း သိရ သည်။

အမေရိကန်နိုင်ငံအရှေ့ပိုင်းနှင့် အရှေ့တောင်ပိုင်းရှိနေရာ များသို့ ဂတ်စ်ဓာတ်ငွေ့နှင့် ဒီဇယ်ဆီများ အဓိကပို့လွှတ်ပေးနေသည့် ပိုက်လိုင်းမှာ ဆိုက်ဘာတိုက်ခိုက်ခံရကြောင်း စစ်ဆေးတွေ့ရှိပြီး နောက်   နှစ်ရက်ဆက်တိုက်  ဆက်လက်ပိတ်ထားခဲ့ရကြောင်း ပိုက်လိုင်းကုမ္ပဏီက မေ ၉ ရက်တွင် ပြောကြားခဲ့သည်။ Colonial ပိုက်လိုင်းကုမ္ပဏီ၏ ကြေညာချက်ထဲတွင် ပြီးခဲ့သော သောကြာနေ့က ငွေညှစ်သည့် ဆော့ဝဲလ်အမျိုးအစား( ransomware) ဖြင့် တိုက်ခိုက် ခံရသည်ကို  စစ်ဆေးတွေ့ရှိခဲ့ပြီးနောက်  ပိုက်လိုင်းလည်ပတ်မှု အားလုံးကို ခေတ္တရပ်ဆိုင်းလိုက်ကြောင်း ဖော်ပြထားသည်။ Colonial ပိုက်လိုင်း ပို့ဆောင်ရေးသည် အရှေ့ဘက် ကမ်းရိုးတန်းဒေသအတွက် နေ့စဉ် လောင်စာဆီဂါလံ သန်း ၁၀ဝ ကျော် သယ်ယူပို့ဆောင်ပေးနေ ကြောင်းနှင့် ယင်းဒေသ လောင်စာဆီလိုအပ်ချက် ၄၅ ရာခိုင်နှုန်းအထိ ဖြည့်ဆည်းပေးလျက်ရှိသည်။                                              

မျိုးဝင်း






အခြားဆက်စပ်သတင်းများ