ဂျေရုဆလင် မေ ၁၁
မြေယာအငြင်းပွားမှုပြဿနာနှင့်စပ်လျဉ်း၍ ပြီးခဲ့သည့် စနေနေ့က အစ္စရေး ရဲတပ်ဖွဲ့နှင့် ပါလက်စတိုင်းဆန္ဒပြသူများ ရုန်းရင်းဆန်ခတ် ဖြစ်ကာ ရာနဲ့ချီထိခိုက်ဒဏ်ရာရပြီးနောက် မြို့တော်ဂျေရုဆလင်တွင် တရားဥပဒေစိုးမိုးရေးနှင့် ပြန်တည်ငြိမ်ရေးအတွက် ဆုံးဖြတ်ချက်ချ ဆောင်ရွက်ရတော့မည်ဖြစ်ကြောင်း နိုင်ငံဝန်ကြီးချုပ်ကပြောသည်။ နိုင်ငံသားတို့ အထွတ်အမြတ်ရှိရာ ဗလီဝန်းကျင်တွင် ဆူပူအကြမ်းဖက် မှုများ သုံးလေးညထက်မနည်းဖြစ်ပွားနေခြင်းသည် အစ္စရေးအနေဖြင့် ကျူးကျော်သိမ်းပိုက်ထားသည့် အရှေ့ဂျေရုဆလင်ရှိ ပါလက်စတိုင်း အိမ်များအနီး ဂျူးအခြေစိုက် အိမ်ရာတည်ဆောက်ခြင်းအတွက် တစ်နှစ်ကြာ အငြင်းပွားမှုဖြစ်သည်အထိ အခြေအနေဆိုးရွားနေခြင်း ဖြစ်သည်။
ဂျေရုဆလင်မြို့ဟောင်းရှိ ဒမတ်စကက်ဂိတ်အပြင်ဘက်တွင် ပါလက်စတိုင်းများကို ရဲများက အသံဗုံး၊အနံဆိုးရေစသည်တို့ဖြင့် ထိုးပက်ဖြိုခွင်းရာ အဆိုပါ ဧရိယာဝန်းကျင်က အခြားနေရာများတွင် လည်း ထိပ်တိုက်တွေ့မှုတွေဖြစ်ပွားခဲ့ပြီး ခုနစ်ဦးဒဏ်ရာရ၍လေးဦးကို ဆေးရုံတင်ပို့ရကြောင်း ပါလက်စတိုင်း ကြက်ခြေနီအသင်းကပြော သည်။ ယင်းဖြစ်ရပ်များအပေါ် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက တရားဥပဒေစိုးမိုးရေးနှင့်အညီ ဂျေရုဆလင်ကို တည်ငြိမ်ရေးကို စိတ် ဆုံးဖြတ်ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ရဲခေါင်