နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Covid ရောဂါ ကူးစက်ခြင်းရှိ၊ မရှိ ပျားများဖြင့် စမ်းသပ်ရန် သိပ္ပံပညာရှင်များ နည်းလမ်းရှာ

ဘာလင်    မေ   ၁၁

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု တတိယလှိုင်းဒဏ် ခံစားနေရချိန်တွင် ပျားကောင်လေးများကိုသုံးပြီး   ရောဂါပိုးကူးစက်မှု ရှိ၊မရှိ   အမြန် စမ်းသပ်နိုင်မည့် နည်းလမ်းကို ဂျာမနီသိပ္ပံပညာရှင်များက အစွမ်းကုန် ရှာဖွေနေကြောင်း သိရသည်။ ကိုရိုနာဗိုင်းရပ်စ်ပိုး အကူးစက်ခံ ရသူ ထံမှယူထားသည့် ဗီဇနမူနာကို ပျားကောင်များက ယင်းတို့၏ ဝတ်ရည်စုပ်တံများဖြင့် လာရောက်စမ်းသပ်မည်ဖြစ်ကာ ယင်းသို့ ပြုလုပ်နိုင်ရန် လေ့ကျင့်မှုကောင်းစွာပေးရမည်ဖြစ်ကြောင်း ဂျာမနီ နိုင်ငံ Wageningen တက္ကသိုလ် ဗိုင်းရပ်စ်သုတေသနဌာနက ပါမောက္ခ Wim Van Der Poel က ပြောသည်။
 “ဒီဒေသထဲမှာရှိတဲ့ ပျားမွေးမြူတဲ့သူတွေဆီက ပျားတွေကို ကျွန်တော်တို့ လိုက်စုဆောင်းပါတယ်။ ပြီးတော့ ဒီပျားတွေကို နေ့တိုင်း လေ့ကျင့်ပေးပါတယ်။ သူတို့ကို အကန့်ကလေးထဲမှာထိန်းထားပြီး ကိုရိုနာဗိုင်းရပ်စ်ပိုးရှိတဲ့ နမူနာနဲ့ ပိုးကင်းတဲ့နမူနာတွေနဲ့ထိတွေ့စေ ပါတယ်။ ပိုးရှိတဲ့ နမူနာနဲ့တစ်ခါထိတွေ့ပြီးတိုင်း သကြားရည်ကိုပေးပါ တယ်။ ဒီတော့ ကိုရိုနာဗိုင်းရပ်စ်ပိုးပါတဲ့နမူနာနဲ့တွေ့တိုင်း ပျားက သူ့ဝတ်ရည်စုပ်တဲ့နှာမောင်းကိုဆန့်ပြီး လိုက်စမ်းပါတယ်။ ဒီနည်းနဲ့ ပျားတွေကို ခပ်မြန်မြန်လေးလေ့ကျင့်ပေးနိုင်ပါတယ်” ဟု ယင်းက ပြောသည်။

အင်းဆက်ပိုးတစ်မျိုး ဖြစ်သည့်ပျားကို အခြားသောသတ္တဝါများ ကဲ့သို့ လေ့ကျင့်သင်ကြားပေးနိုင်ကြောင်းကို သိပ္ပံပညာရှင်များက အချိန်အတော်ကြာ လေ့လာသိရှိထားကြသည်။ လန်ဒန် Queen Mary တက္ကသိုလ်ရှိ သိပ္ပံပညာရှင်များကမူ မှန်ပြားအောက်တွင် ပျားစားသည့် အစာကို မြင်အောင်ပြထားပြီး မှန်ချပ်၏ထိပ်တွင် အစာနှင့်တွဲထား သည့် ကြိုးစကိုထုတ်ကာ သင်ပေးခဲ့ကြခြင်းဖြစ်သည်။ ပျားအကောင် ၄၀ ခန့်တွင် ၂၃ ကောင်ခန့်ကို အစာချိတ်ထားသည့် ကြိုးကိုဆွဲထုတ်၍  အစာကို ရယူရန် အောင်အောင်မြင်မြင် သင်ကြားပေးနိုင်ကြောင်းကို ပျားဖြင့်ရောဂါရှာဖွေရေးအတွက် ၂၀၁၆ ခုနှစ်ဝန်းကျင်က သက်သေ ပြခဲ့ကြသည်။ ထို့ကြောင့် ယခု Covid 19 ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးမှု များအတွက် ပျားများကို သုံးမည်ဆိုလျှင် အဆင်ပြေနိုင်ကြောင်း တွက်ချက်ခဲ့သည်ဟု Wageningen တက္ကသိုလ်က ရောဂါပိုးမွှားဗေဒ ပါမောက္ခ Wim Van Der Poel က ပြောသည်။                      

ရဲခေါင်






အခြားဆက်စပ်သတင်းများ