နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အယ်ဒီတာအာဘော် . ယမကာသုံးစွဲမှု လျော့နည်းရေး ကြိုးပမ်း

ကမ္ဘာကျန်းမာရေးအဖွဲ့၏ စစ်တမ်းများအရ ကမ္ဘာပေါ်တွင် လူဦးရေသန်း ၂၀၀ ကျော်သည် အရက်ကို စွဲစွဲမြဲမြဲသောက်သုံးကြောင်းနှင့် သန်း ၈၀ နီးပါးမှာ အရက်ယမကာကြောင့် ဖြစ်သောဝေဒနာများခံစားနေရသည်ဟု လေ့လာတွေ့ရှိချက်ကို ထုတ်ပြန်ထားသည်။ မြန်မာနိုင်ငံတွင် ဆေးလိပ်နှင့် ဆေးရွက်ကြီးသောက်သုံးမှု ကိုလျော့နည်းစေရေးအတွက် ဥပဒေအကြောင်းအရ ပညာပေး မြှင့်တင်ခြင်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန က အရှိန်မြှင့်တင်ဆောင်ရွက်လျက်ရှိသည်။ မူးယစ်ထုံထိုင်းစေခြင်းသည် လူတစ်ဦးတစ်ယောက်ချင်းသာမက လူသားမျိုးနွယ် တည်တံ့ ရေးအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်သည်။ ယခုအခါ နေထိုင်မှုပုံစံပြောင်း လဲလာမှုကို အကြောင်းအမျိုးမျိုးပြပြီး အရက်သောက်သုံးသူများ ပိုများလာ၏ လမ်းဆုံလမ်းခွများရှိ တံတားများပေါ်နှင့် တံတားအောက်များတွင် ဝိုင်းဖွဲ့သောက်သူများ တွေ့လာရ၏၊ အရက်ဘီယာသောက်သုံးခြင်းကို အသက်ငယ်ရွယ်သူများအပြင် မိန်းကလေးများလည်း သောက်သုံးလာကြသည့်အတွက် ယမကာအန္တရာယ်သည် တစ်နေ့တခြားကြီးမားလာသည်။ ယမကာအရက်ကို မသောက်ရမနေနိုင်သည့် အရက်စွဲ ရောဂါခံစားနေရသူများတွင် အရက်အဆိပ်ကြောင့် ခန္ခာကိုယ်ထဲရှိ အင်္ဂါအစိတ်အပိုင်းများပျက်စီးရပြီးနောက် ဆက်တွဲရောဂါပေါင်းစုံရရှိကာ အသည်းခြောက်ရောဂါခံစားရပြီး အသက်အန္တရာယ် ဖြစ်စေသည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် ပြည်သူ့ ကျန်းမာရေးဖောင်ဒေးရှင်းနှင့် ပူးပေါင်း၍ အရက်ယမကာ သောက်သုံးမှုလျှော့ချရေးအတွက် ကြိုးပမ်းဆောင်ရွက် လျက်ရှိသည်။ ပြည်သူတစ်ရပ်လုံး၏ ကျန်းမာဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာ့ယဉ်ကျေးမှုနှင့် ဖီလာဆန့်ကျင်သောအရက်ယမကာ သောက်သုံးမှုလျော့နည်းကျဆင်းပြီး ကျန်းမာကြံ့ခိုင် သော လူမျိုးဖြစ်ရေး ကြိုးပမ်းဆောင်ရွက်ရာတွင် အရက်၊ ယမကာသောက်သုံးမှု လျော့နည်းစေရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန်လိုအပ်သည်။ အရက်အဖျော်ယမကာသည် လူတို့ကို ကျန်းမာရေးထိခိုက်စေခြင်းနှင့် ကိုယ်ကျင့် သိက္ခာနှင့် ပြစ်မှုကျူးလွန်မှုများကို အလွယ်ကူဆုံးအလျင်အမြန်ဆုံးဖြစ်ပေါ်စေနိုင်သော ကြောင့်အရက်အန္တရာယ်ကို ဝိုင်းဝန်းကာကွယ်ပေးစေချင်ကြောင်း။ ။






အခြားဆက်စပ်သတင်းများ