နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ်ဒုံးပျံယာဉ်အစိတ်အပိုင်း၊ အပျက်အစီးအပိုင်းအစများ အိန္ဒိယသမုဒ္ဒရာအတွင်းသို့ ကျ

ပေကျင်း   မေ   ၁၀

တရုတ်နိုင်ငံ၏ အကြီးဆုံး ဒုံးပျံမှ အပျက်အစီးအပိုင်းအစများသည် မေလ ၉ ရက်တွင် အိန္ဒိယသမုဒ္ဒရာအတွင်းကျရောက်ခဲ့ပြီး ဒုံးပျံ၏ အစိတ်အပိုင်းအများစုမှာ  ကမ္ဘာ့လေထုထဲ ပြန်ဝင်ရောက်လာစဉ် ပျက်စီးသွားခဲ့ကြောင်း သိရသည်။ အဆိုပါဒုံးပျံမှာ မော်လ်ဒိုက်ကျွန်းစု အနောက်ပိုင်းရှိ အိန္ဒိယသမုဒ္ဒရာထဲသို့ ကျရောက်ခဲ့ခြင်းဖြစ်ကာ Long March 5B ဒုံးပျံကို ဧပြီ ၂၉ ရက်ကစ၍ တရုတ်နိုင်ငံ ဟိုင်နန်ကျွန်းမှ ကမ္ဘာဂြိုဟ်ပတ်လမ်းထဲသို့ လွှတ်တင်ခဲ့ခြင်းဖြစ်သည်။ အထိန်းအကွပ် မဲ့စွာကျဆင်းလာသည့်   ဒုံးပျံအပျက်အစီး  အပိုင်းအစများနှင့် ပတ်သက်၍ ကျွမ်းကျင်သူအချို့က စိုးရိမ်တကြီးစောင့်ကြည့်နေခဲ့ကြ ပြီး တရုတ်နိုင်ငံကမူ ဒုံးပျံ၏ အစိတ်အပိုင်း အများစုသည် ကမ္ဘာ့လေထု အတွင်း လောင်ကျွမ်းပျက်စီးသွားခဲ့ဟု ထုတ်ပြန်ထားသည်။

ဒုံးပျံယာဉ် အစိတ်အပိုင်းများသည် ဒေသစံတော်ချိန် မနက် ၁၀ နာရီ ၂၄ မိနစ်တွင် ကမ္ဘာ့လေထုထဲသို့ ပြန်ဝင်ရောက်လာခဲ့ပြီး အရှေ့လောင်ဂျီကျုဒ် ၇၂ ဒသမ ၄၇ ဒီဂရီနှင့် မြောက်လတ္တီကျုဒ် ၂ ဒသမ ၆၅ ဒီဂရီသို့ကျရောက်ခဲ့ဟု   တရုတ်နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။

အမေရိကန်အာကာသကွပ်ကဲမှုဌာနချုပ်က   အာရေဗီယန် ကျွန်းဆွယ်ပေါ်မှ ယင်းဒုံးပျံယာဉ် ကမ္ဘာ့လေထုအတွင်း ပြန်ဝင်ရောက် လာမှုကို အတည်ပြုခဲ့သော်လည်း   အပျက်အစီးများ မြေပြင်ပေါ် သို့မဟုတ် ရေထဲသို့ကျရောက်ခဲ့ခြင်းကိုမူ အတည်ပြုခြင်းမရှိသေးပေ။ ပထမဆုံး Long March ဒုံးပျံကို ၂၀၂၀ ပြည့်နှစ် မေလတွင် လွှတ်တင် ခဲ့ပြီးနောက် ယခု ဒုံးပျံသည် ဒုတိယမြောက် လွှတ်တင်သည့် 5B မျိုးကွဲ ဒုံးပျံဖြစ်သည်။ ပြီးခဲ့သည့်နှစ်က ပထမဆုံးလွှတ်တင်ခဲ့သည့် 5B အမျိုး အစား ဒုံးပျံသည်လည်း အိုင်ဗရီကို့စ်နိုင်ငံထဲသို့ ကျရောက်ခဲ့သဖြင့် အဆောက်အအုံတချို့  ထိခိုက်ပျက်စီးခဲ့ကာ ဒဏ်ရာရသူမရှိခဲ့ဟု        သိရသည်။                                                                           ရဲခေါင်






အခြားဆက်စပ်သတင်းများ