နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အစ္စရေးရဲတပ်ဖွဲ့နှင့် ပါလက်စတိုင်းနိုင်ငံသားများ အဓိကရုဏ်းဖြစ်စဉ် ပြင်းထန် _ ပါလက်စ တိုင်းနိုင်ငံသား ၁၆၃ ယောက် ဒဏ်ရာရ

ဂျေရုဆလင်  မေ ၉

အယ်လ်အစ်ဆာအမည်ရှိ ဗလီဝတ်ကျောင်းရှိရာနေရာတွင် အစ္စရေးလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပါလက်စတိုင်းနိုင်ငံသားများ အဓိကရုဏ်းဖြစ်ပွားခဲ့ကာ ယင်းဖြစ်စဉ်တွင် ပါလက်စတိုင်းနိုင်ငံသား ၁၆၃ ယောက်နှင့် အစ္စရေးရဲတပ်ဖွဲ့ဝင် ၆ ယောက် ဒဏ်ရာရခဲ့သည်။
ယင်းဖြစ်စဉ်မှာ ပါလက်စတိုင်းများသည် ဗလီတွင်ဝတ်ပြုဆုတောင်း ပြီး အကြမ်းဖက်သဘောဆောင်သည့် ဆူပူမှုများ ဆောင်ရွက်ခဲ့ခြင်းကြောင့် အင်အားသုံးဖြိုခွင်းလိုက်ရတာဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။

မြို့တော် ဂျေရုဆလင်ရှိ အဆိုပါ ဗလီသည် အစ္စလာမ်ဘာသာဝင် များ အထွတ်အမြတ်ထားရာနေရာတစ်ခုဖြစ်သလို ဂျူးများကလည်း ယင်းကို သန့်ရှင်းသည့်နေရာအဖြစ် သတ်မှတ်ထားကြသည်။
အစ္စရေးရဲတပ်ဖွဲ့သည် အဓိကရုဏ်းဖြစ်စဉ်ကို ရာဘာကျည်၊ ဓာတ်ငွေ့ ဗုံးများ  အသုံးပြု ဖြိုခွင်းခဲ့ပြီး  ပါလက်စတိုင်း နိုင်ငံသားများက လည်း ကျောက်တုံး၊ ပုလင်းများဖြင့် ပစ်ခတ်ခဲ့သည်။

ယင်းနေရာသို့ ကြက်ခြေနီအဖွဲ့ရောက်လာပြီး ဒဏ်ရာရရှိသူများကို ကုသပေးရန် ယာယီဆေးရုံတစ်ခု အလျင်အမြန်ဖွင့်လှစ်ခဲ့ရသည်။
မျိုးဝင်း (ref; bbc)






အခြားဆက်စပ်သတင်းများ