မွမ်ဘိုင်း မေ ၉
အိန္ဒိယနိုင်ငံ၏ ဦးဆောင်မော်တော်ကားထုတ်လုပ်သူ Tata Motors သည် မေ ၈ ရက်မှစ၍ ၎င်း၏ ခရီးသည်တင် ယာဉ်ဈေးနှုန်းများ အား ကွဲပြားခြားနားမှုနှင့် မော်ဒယ်များအလိုက် ပျမ်းမျှ ၁.၈ ရာခိုင်နှုန်း မြှင့်တင်လိုက်ကြောင်း ကုမ္ပဏီက မေ ၇ ရက်က ပြောကြားခဲ့သည်။
ယင်းသို့ ထုတ်ကုန်တန်ဖိုးမြှင့်တင်ရခြင်းမှာ သံမဏိနှင့်အဖိုးတန် သတ္ထုကဲ့သို့ အသုံးအဆောင်ပစ္စည်းဈေးနှုန်းများ မြင့်တက်သွား၍ ဖြစ် ကြောင်း Tata Motors ၏ ဥက္ကဋ္ဌ ရှာလက်ချန်ဒရာက ပြောသည်။
အိန္ဒိယနိုင်ငံရှိ မော်တော်ကားကုမ္ပဏီများသည် ဧပြီလ၌ မော်တော် ယာဉ်ဈေးနှုန်းများ မြှင့်တင်ခဲ့ကြပြီး ယခုနှစ်အတွင်း ဒုတိယမြောက် ဈေးနှုန်းမြင့်တက်ခြင်လည်း ဖြစ်ခဲ့သည်။
အိန္ဒိယနိုင်ငံ၏ အကြီးဆုံး မော်တော်ကားထုတ်လုပ်သူ Maruti Suzuki ကမူ ဧပြီလအတွင်း ယင်း၏ မော်တော်ကား မော်ဒယ်အလိုက် ဈေးနှုန်းများကို ၁ ရာခိုင်နှုန်း မှ ၆ ရာခိုင်နှုန်းအကြား၊ အနည်းဆုံး ရူပီး ၅,ဝ၀ဝ မှ အများဆုံး ရူပီး ၃၄,ဝ၀ဝ အထိ တိုးမြှင့်ခဲ့သည်။
မျိုးဝင်း (ref; Euronews)