ရန်ကုန် မေ ၁၈
မြန်မာနိုင်ငံရှိ မလေးရှားလုပ်ငန်းရှင်သူငယ်ချင်းများမှ ရန်ကုန်တိုင်းဒေသကြီး လူမှုကူညီရေးအဖွဲ့ Special Rescue Team ကွပ်ကဲရေးစခန်းသို့ COVID-19 ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် နှာခေါင်းစည်းများ PPE ဝတ်စုံများနှင့် မျက်နှာအကာအကွယ်များကို မေ ၁၈ ရက်၊ နံနက် ၁၀ နာရီက ရန်ကုန် မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သိမ်ဖြူလက်ဝှေ့အားကစားရုံ၌ ဖွင့်လှစ်ထားသည့် ကွပ်ကဲရေးစခန်းသို့ ပေးအပ် လှူဒါန်းခဲ့စဉ်။
အောင်မြင့်ဌေး(မြို့တော်သတင်း)