ကာဆာဘလန်ကာ မေ ၉
ဟာလီမာဆစ်စီဟု အမည်ရသည့် (၂၅)နှစ်အရွယ် မာလီနိုင်ငံသူ အမျိုးသမီးတစ်ဦးသည် ပြီးခဲ့သည့် မေ ၆ ရက်က ကလေးကိုးမြွာပူးကို အောင်မြင်စွာမွေးဖွားနိုင်ခဲ့ခြင်းကြောင့် မေလအတွင်း ဂင်းနစ်မှတ်တမ်း စံချိန်သစ်ကို တင်နိုင်ခဲ့ကြောင်း ကမ္ဘာ့မီဒီယာများကဖော်ပြကြသည်။
မာလီနိုင်ငံ အစိုးရတာဝန်ရှိသူများက ဟာလီမာဆစ်စီအတွက် ကောင်းမွန်သည့် ဆေးဝါးကူညီစောင့်ရှောက်မှုရရှိနိုင်ရေးအတွက် ပြီးခဲ့ သည့် မတ် ၃၀ ရက်ကပင် မော်ရိုကိုနိုင်ငံသို့ ပို့ဆောင်ပေးခဲ့ခြင်းဖြစ် သည်။ ဟာလီမာဆစ်စီသည် မေ ၆ ရက်က မော်ရိုကိုနိုင်ငံ ကာဆာ ဘလန်ကာမြို့ရှိ Ain Borja ဆေးရုံတွင် ဆရာဝန် ၁၀ ဦး၊ သူနာပြု ၂၅ ဦးဖြင့် မွေးဖွားခဲ့ခြင်းဖြစ်သည်။
ဟယ်လီမာဆစ် မွေးဖွားခဲ့သည့် ကိုးမြွှာပူးကလေးများ၏ ကိုယ် အလေးချိန်မှာ ၁ ဒသမ ၁ ပေါင်နှင့် ၂ ဒသမ ၁ ပေါင်ကြားတွင်သာ ရှိကြခြင်းကြောင့် ဖန်ပေါင်းချောင်အတွင်း၌ နှစ်လမှ သုံးလအထိထား ပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးရဦးမည်ဖြစ်ကြောင်း Ain Borja ဆေးရုံမှ ပါမောက္ခ ဒေါက်တာ Youssef Alaoui က ပြောကြောင်း သိရသည်။
ဟယ်လီမာဆစ် မွေးဖွားခဲ့သည့်ကိုးမြွှာပူးမှာ ယောကျာ်းလေး လေးဦးနှင့် မိန်းကလေးငါးဦးဖြစ်သည်။ ၁၉၇၁ ခုနှစ် က ဩစတြေးလျ နိုင်ငံသူတစ်ဦးနှင့် ၁၉၉၉ ခုနှစ်တွင် မလေးရှားနိုင်ငံသူတစ်ဦးတို့မှ ရှစ်မြွှာပူး မွေးဖွားဖူးပြီး ဂင်းနစ်စံချိန်တင်ထားခဲ့သည်။ သို့သော် ယခု အချိန်တွင် ဟာလီမာဆစ်စီက ကိုးမြွှာပူးကလေးကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ခြင်းကြောင့် ကမ္ဘာ့ဂင်းနစ်စံချိန်သစ်ကိုတင်နိုင်ခဲ့ပြီ ဖြစ် သည်။
ရဲခေါင် (ref; bbc)