နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တစ်ကြိမ်တည်းသာ ထိုးနှံရမည့် စတုတ္ထမြောက် COVID-19 ကာကွယ်ဆေးကို ရုရှားတွင် ခွင့်ပြု

မော်စကို မေ ၉

တစ်ကြိမ်တည်းသာထိုးနှံရန်လိုအပ်သော COVID-19 ကာကွယ် ဆေး Sputnik Light ကို ရုရှားနိုင်ငံတွင် အသုံးပြုရန် ခွင့်ပြုချက်ရရှိခဲ့ ကြောင်း ရုရှားကျန်းမာရေးဝန်ကြီးဌာန၊ ကာကွယ်ဆေး ဖော်ထုတ်သူ နှင့် ပံ့ပိုးသူတို့က ကြေညာလိုက်သည်။

ကာကွယ်ဆေးထိုးနှံပြီးနောက် ၂၈ ရက်အတွင်း ကောက်ယူထား သော အချက်အလက်များအရ အဆိုပါ ကာကွယ်ဆေးမှာ ဆေးစွမ်း ထက် မှုအနေဖြင့် ၇၉.၄ ရာခိုင်နှုန်းရှိကြောင်း ပူးတွဲထုတ်ပြန်ချက်အရ သိရ သည်။

Sputnik Light ကာကွယ်ဆေးသည် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် အသစ်အားလုံးအတွက် ထိရောက်မှုရှိကြောင်းနှင့် ပြင်းထန်သော ဘေးထွက် ဆိုးကျိုးမရှိကြောင်း ကာကွယ်ဆေးဖော်ထုတ်သူ ရုရှားနိုင်ငံ၏ Gamaleya ကူးစက်ရောဂါနှင့် အဏုဇီဝဗေဒဆိုင်ရာ အမျိုးသားသုတေသနစင်တာ က ပြောကြားခဲ့သည်။
 လူပေါင်း ၇,ဝ၀ဝ ပါဝင်သော လက်တွေ့စမ်းသပ်မှုအဆင့် ၃ အား ရုရှား၊ အာရပ်စော်ဘွားများပြည်ထောင်စုနှင့် ဂါနာ အပါအဝင် နိုင်ငံများ စွာ၌ ဆောင်ရွက်လျက်ရှိကြောင်းနှင့် ကြားဖြတ်ရလဒ်များ ယခုလ နှောင်းပိုင်းတွင် ထွက်ပေါ်လာမည်ဟု မျှော်လင့်ထားကြောင်းသိရ သည်။

 Sputnik Light ကာကွယ်ဆေးသည် ကမ္ဘာတစ်ဝန်းတွင် အမေရိကန်ဒေါ်လာ ၁၀ ဒေါ်လာအောက် ကျသင့်မည်ဖြစ်ပြီး လွယ် လင့်တကူ သိုလှောင်ပြီး ထောက်ပံ့သယ်ပို့နိုင်ကြောင်း ထုတ်ပြန်ချက် အရ သိရသည်။  

 ရုရှားနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးများဖြစ်သော Sputnik V ၊ EpiVacCorona နှင့် CoviVac ကာကွယ်ဆေးများအား မှတ်ပုံတင်ထားပြီးဖြစ်သည်။
မျိုးဝင်း (ref; AP)






အခြားဆက်စပ်သတင်းများ